Powered By Blogger

Tuesday, 18 November 2014

nokiaမှာမြန်မာဖောင့်

မြန်မာဖောင့်သွင်းဖို့ အတွက် Font Zoomer ဆိုတဲ့ software လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ Nokia C7 မှာတင်မကပါဘူး ။ တခြား Nokia smart phone တွေဖြစ်တဲ့ Nokia 5230, 5233, 5235, 5530, 5800, X6, C5, N97mini, N97 တို့မှာလည်း ဒီ ဆော့ဝဲလေးကိုသွင်းလို့ရပါတယ်။ အောက်မှာရယူနိုင်ပါတယ်။ ဒေါင်းရန်>>>http://www.mediafire.com/error.php?errno=320&origin=download software လေးကို download ဆွဲပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ ။ ပြီးရင် သွင်းချင်တဲ့ မြန်မာဖောင့်ကို ဖုန်းရဲ့ sd card ထဲကို copy လုပ်လိုက်ပါ။ ပြီးရင် ဖုန်းရဲ့ file manager ထဲကနေ၀င်ပြီး ခုနက sd card ထဲကို copy လုပ်ထားတဲ့ မြန်မာဖောင့်ကို C:datafontzoomer အောက်ကို ရွေ့လိုက်ပါ။ ပြီးပြီဆိုရင် Font Zoomer program လေးကို ဖွင့်လိုက်ပါ။ Font Zommer ထဲရောက်ပြီဆိုရင် option ကိုရွေးပါ။ option ထဲကနေ list of font ကို ရွေးပါ။ list of font ထဲကနေ ခုနက သွင်းထားတဲ့ မြန်မာဖောင့်ကိုရွေးလိုက်ပါ။ ပြီးရင် phone ကို restart ချလိုက်ပါ။ ပြန်တက်လာပြီဆိုရင် မြန်မာလိုရေးထားတဲ့စာတွေကို မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။ တခြားသွင်းလို့ရတဲ့ဖုန်းအမျိုးအစားတွေကတော့ Nokia 5800, Nokia 5230, Nokia 5233, Nokia 5250, Nokia 5228, Nokia 5235, Nokia 3250, Nokia 5320, Nokia 5500, Nokia 5530, Nokia 5630, Nokia 5700, Nokia 5730, Nokia 6110, Nokia 6120, Nokia 6124, Nokia 6210, Nokia 6220, Nokia 6290, Nokia 6650, Nokia 6710, Nokia 6720, Nokia 6730, Nokia 6760, Nokia 6788, Nokia 6790, Nokia: E50, E51, E52, E55, E60, E61, E62, E63, E65, E66, E70, E71, E72, E75, E90, N8, N71, N73, N75, N76, N77, N78, N79, N80, N81, N82, N85, N86, N91, N92,N93, N95, N96, N97, N97 mini, X6, C7-00, E7-00, C5-03, C6.

Tuesday, 16 September 2014

မြန်မာ့ဆက်သွယ်ရေး၏ ဖုန်းခေါ်ဆိုမှုများ ၂၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန် လာသည်ဟုဆို

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ဂျပန်နိုင်ငံအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် KDDI၊ Sumitomo တို့နှင့် ပူးပေါင်းဆောင်ရွက် နိုင်ခဲ့သည့်နောက်ပိုင်း ဖုန်းခေါ်ဆိုမှုများသည် ၂၀ ရာခိုင်နှုန်းခန့် တိုးတက်ကောင်းမွန် လာခဲ့သည်ဟု သိရသည်။

ဖုန်းခေါ်ဆိုမှု အများဆုံးအချိန်ဖြစ်သည့် နံနက် ၇ နာရီမှ ည ၁၁ နာရီအတွင်း ယခင်က အသံကြည်လင်မှုနှင့် ဖုန်းလိုင်းကျပ်တည်းမှု များဖြစ်ပွားခဲ့သော်လည်း အဆိုပါ အခက်အခဲများကို ၂၀ ရာခိုင်နှုန်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သတင်းထုတ်ပြန်သည်။

ထို့အပြင် 3G အင်တာနက်စနစ် မလုံလောက်မှုကိုလည်း ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည် ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ထားသည်။ မြန်မာ့ဆက်သွယ်ရေး၏ ထုတ်ပြန်ချက်အရ မိုဘိုင်းဖုန်းလိုင်းများသည် ခေါ်ဆိုနေစဉ်အတွင်း လိုင်းကျသည့် ဖြစ်စဉ်များမှာ ယနေ့အချိန်တွင် ၁ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့သည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေးနှင့် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီတို့သည် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့၌ အော်ပရေတာ လုပ်ငန်းကိုပူးပေါင်း လုပ်ကိုင်ရန် သဘောတူညီ ခဲ့ကြခြင်းဖြစ်သည်။  သဘောတူညီမှုအရ ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီတို့သည် မြန်မာ့ဆက်သွယ်ရေး၏ အော်ပရေတာလုပ်ငန်း၌ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကို ရင်း နှီးမြှုပ်နှံခဲ့သည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ဂျပန်ကုမ္ပဏီတို့ ပူးပေါင်းပြီး တစ်လအကျော်တွင် မိုဘိုင်းဖုန်းလိုင်း ၇ သိန်းကို ၈ ရက်အတွင်း ရောင်းချပေးနိုင်ပြီး လာမည့်ဒီဇင်ဘာလအတွင်း မိုဘိုင်းဖုန်းလိုင်း ၅ သန်းကို ပြည့်မီအောင် ရောင်းချပေးမည် ဟု ၎င်းတို့က ပြောဆိုခဲ့သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၎င်းတို့၏ မိုဘိုင်းဖုန်းလိုင်းကို ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချပေးခဲ့သော်လည်း ဈေးကွက်အတွင်း ငွေ ကျပ် ၁ သောင်းကျော်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

Friday, 12 September 2014

viber version အသစ်ပါ video call ရပါပြီ

ဒီမှာကူးပါ              https:/db.tt/INE53c3t
viber version အသစ်ပါ
video call လည်းပြောလိုရပါပြီ

Wednesday, 10 September 2014

ဖုန်းဖရီး မက်ဆေ့ ဖရီး သုံးနိုင်တဲ့ Viber မြန်မာမူ


မင်္ဂလာပါ ခင်ဗျာ လူထုအားလုံး နေ့စဉ်နဲအမျှ သုံးစွဲနေကြတဲ့ ဖုန်းဖရီး မက်ဆေ့ ဖရီး အသုံးပြုနိုင်တဲ့ Viber မြန်မာမူ ဖြစ်ပါတယ်
Viber တစ်ခုလုံးကို မြန်မာလို ကလိ၍ အသုံးပြုနိုင်တဲ့ Viber မြန်မာ ဆော့ဝဲတစ်ခုဖြစ်တယ်"
ဆော့ဝဲအားဒေါင်းရန်
 http://www.mediafire.com/?9i2objbwezia6o2 

Wednesday, 3 September 2014

facebook အနီ အဝါ ပန်းရောင် ခရမ်းရောင် ရွှေရောင် မြန်မာ fb နောက်ပြီး 3d fb လို့ပြောနေတဲ့

ကျွန်တော်တွေ့နေရတယ် ဘော်ဘော်တွေတောင်းဆိုနေတာ facebook အနီ အဝါ ပန်းရောင် ခရမ်းရောင် ရွှေရောင် မြန်မာ fb နောက်ပြီး 3d fb လို့ပြောနေတဲ့ friend တွေအတွက် လိုချင်တာဒေါင်း free ရပြီ အောက်မှာလင့်အစုံအလင်
အဝါရောင်အတွက် https://www.dropbox.com/s/2yl2pvz583k8zwt/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E2%80%8B%E1%80%B1%E1%80%9C%E1%80%B8%20%E1%80%A1%E1%80%9D%E1%80%AB%E2%80%8B%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E2%80%8B%20Facebook%201.apk?d
ရွှေရောင် https://www.dropbox.com/s/rtveisyacxji9z1/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E2%80%8B%E1%80%B1%E1%80%9C%E1%80%B8%20%20%20%E2%80%8B%E1%80%B1%E1%80%9B%E1%80%BC%E1%80%BD%E2%80%8B%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E2%80%8B%20%20facebook.apk?dl=0
ပန်းရောင်https://www.dropbox.com/s/jwahj5is5mzsr7k/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E2%80%8B%E1%80%B1%E1%80%9C%E1%80%B8%20%20%E1%80%95%E1%80%94%E1%80%B9%E2%80%8B%E1%80%B8%E2%80%8B%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E2%80%8B%20%20Facebook%20%E2%80%8B2.apk?dl=0
ပန်းနုရောင်https://www.dropbox.com/s/jwahj5is5mzsr7k/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E2%80%8B%E1%80%B1%E1%80%9C%E1%80%B8%20%20%E1%80%95%E1%80%94%E1%80%B9%E2%80%8B%E1%80%B8%E2%80%8B%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E2%80%8B%20%20Facebook%20%E2%80%8B2.apk?dl=0
မြန်မာစာ fb https://www.dropbox.com/s/dfqmruebv3exhah/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E2%80%8B%E1%80%B1%E1%80%9C%E1%80%B8%20Facebook_myanmar%20.apk?dl=0
3d fb https://www.dropbox.com/s/l7w3zl9wtfckyai/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E2%80%8B%E1%80%B1%E1%80%9C%E1%80%B8%20%20Facebook%203%20D%20apk.apk?dl=0
အနက်ရောင်https://www.dropbox.com/s/ad4l6eg33obzj3w/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E2%80%8B%E1%80%B1%E1%80%9C%E1%80%B8%20%20Black%204%20Facebook-apk?dl=0
2 line for facebook https://www.dropbox.com/s/hv42hk4gteu2lck/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E2%80%8B%E1%80%B1%E1%80%9C%E1%80%B8%20%202Lines%20for%20Facebook.apk?dl=0
facebook video call https://www.dropbox.com/s/87coco8ex07nb5p/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E2%80%8B%E1%80%B1%E1%80%9C%E1%80%B8%20%20Seen-%20facebook%20video%20call%20.apk?dl=0
Friend caster https://www.dropbox.com/s/qxx7y6h80i0j7ub/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E2%80%8B%E1%80%B1%E1%80%9C%E1%80%B8%20%20%20Friendcaster.apk?dl=0
Full book for facebook https://www.dropbox.com/s/tlvhk0vu4eemq2q/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E2%80%8B%E1%80%B1%E1%80%9C%E1%80%B8%20%20Full%20Book%20for%20Facebook%20Free-apk?dl=0
fb လော့ကျရင်ဖြေရှင်းနည်း ဆော့ဝဲ https://www.dropbox.com/s/45ype16iiq6f24r/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E2%80%8B%E1%80%B1%E1%80%9C%E1%80%B8%20FaceBook%20help%20Guide-1.%E1%80%91%E1%80%B0%E1%80%B8%E1%80%91%E1%80%B0%E1%80%B8%20%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%AC.apk?dl=0

Monday, 1 September 2014

fbရဲ့အသစ်လေးပါ ကူးကြည့်ပါသုံးကြည့်ပါ

အသစ်ထွက်ရှိလာတဲ့ Facebook နဲ Messanger အသုံးပြုလို့ တော်တော်လေး အဆင်ပြေလာတဲ့ Version လေးတွေလည်း ဖြစ်ပါတယ်"error လုံးဝမတွေ့ရဘဲ fb သုံးရတာ အေးဆေးဖြစ်တဲ့ သြဂုတ်လ ၂၈ နေ့ထွက် facebook နဲ သြဂုတ်လ ၂၉ ရက်နေ့ထွက် Messanger အသစ်ဖြစ်ပါတယ်"

facebook v.16.0.0.20.15 Apk
http://pc.cd/rc2

messanger v.10.0.0.17.14 Apk
http://pc.cd/8pLg

Saturday, 30 August 2014

myanmar ringtones သိချင်းလေးပါ


MM Ringtones Collection.Apk
လေးပါ သူငယ်ချင်းတွေကြိုက်မှာပါ
မြန်မာသီချင်း42ပုဒ်ပါတယ်နော်
Ringtoneထဲပဲထည့်ထည့်
Notificationအသံဆိုလဲလန်းပါတယ် Alarmအတွက်လဲအဆင်ပြေပါတယ်Contactထဲသိမ်းထားပြီ မီမီကြိုက်နှစ်သက်ရာ ရွှေးချယ်နိုင်ပါတယ် Ringtone သီချင်းကတော့ အကောင်းတွေကြည့်ပါပဲ
ဆော့ဝဲလ်ဒေါင်းရန်
https://db.tt/nwPq9366
Connemtရေးခဲ့ပါဗျာ အဆင်ပြေပါစေ

Friday, 29 August 2014

viber online/offline

အင်တာနတ် သုံးနေစဉ် Viber ကို Offline လုပ်နိုင်ပါပြီး
ယုခု app ဟာ အင်တာနတ်သုံးနေစဉ် Viber ကို Offline လုပ်ထားနိုင်ပါတယ်
သင့်ချစ်သူ ဘဲ ဖြစ်ဖြစ် သင့်မိတ်ဆွေဘဲ ဖြစ်ဖြစ် သင့်အား Viber မှ ပို့သမျှ စာသားများကို မဝင်တော့ ပါဘူး"
Online/Offline အဖွင့် /အပိတ် ပါသောကြောင့်
အချိန်မရွေး Viber ကို Online/Offline လုပ်နိုင်ပါတယ်"
နေစဉ် (သို့မဟုတ်) အချိန်ပိုင်း|
အချိန်ရက်လခုနှစ် သို့
ကြိုတင်၍ Offline အခြေနေ အတွက် အချိန်ဇယားဆွဲပြီး ပြင်ဆင်နိုင်ပါတယ်"
တစ်ဘက်လူမှ သင့် Viber ကိုကြည့်လျင် Offline သာမြင်ရပါမည်"
Viber က အနှောက် အရှက်များကို ရှောင် နေလို့ရပါပြီး /
Online ပြန်ဖြစ်ချင်တယ် ဆိုပါက ချက်ချင်း On နိုင်ပါတယ်"
ဆော့ဝဲအားဒေါင်းရန်
http://www.mediafire.com/?xnq7n7rgrnl0b1h

်fb add friend ဖျောက်နည်းလေးပါ

Add Friends ဖျောက်နည်းလေးပါ
cb က မေးလာတဲ့ သူငယ်ချင်းတွေရှိလို့တင်ပေးလိုက်ပါတယ်

ဒီ link လေးကတော့ Add friends ဖျောက်နည်း pdf book လေးပါ

http://pc.cd/iq2

Thursday, 28 August 2014

တရားဝင် ထုတ်ပြန်ကြေငြာချက် မလုပ်မီ ထွက်ရှိလာတဲ့ Samsung Galaxy Mega 2

Samsung က Galaxy Mega 2 ကို တရားဝင်ကြေငြာချက် မထုတ်ရသေးပေမဲ့ လက်လီဖြန့်ချိသူတချို့က မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ စတင်ရောင်းချခဲ့ပုံရပါတယ်။ ဒါ့ကြောင့်မို့ ၎င်း Galaxy အသစ်ကို အကြိုပြသခဲ့တဲ့ အချိန်ကာလဟာ ဘယ်လောက်မှ မကြာလိုက်ပါဘူး။

ထိုင်းအင်တာနက်ဝက်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ Droid Sans ဟာ အဆမတန်ကြီးမားတဲ့ ဒီ Galaxy Mega 2 ကို ကြည့်မြင်ခွင့်ရအောင် အချိန်မတိုင်မီ ကြိုတင်ပြသခဲ့တဲ့ သတင်းဝက်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ ယခုလအစောပိုင်းက သတင်းထုတ်ပြန်ခဲ့တဲ့ အတိုင်း ဒီ Mega 2 ဟာ Galaxy 5.8 နဲ့ Galaxy 6.3 ရဲ့ မျိုးဆက်တစ်ခုဖြစ်ပါတယ်။ အရွယ်အစားပိုင်းမှာတော့ ဒီဟန်းဆက်သစ်ဟာ 720× 1280 pixels နဲ့အတူ 6-inch မျက်နှာပင်ပါရှိပြီး အရင်မော်ဒယ်လ်နှစ်ခုရဲ့ ပုံစံကို ရောစပ်ယူထားတာဖြစ်ပါတယ်။

Android 4.4.4 KitKat အသုံးပြုထားတဲ့ Mega 2 က LTE  a quad-core Exynos 4415 ပရိုစက်ဆာ၊ 1.4 GHz, RAM - 1.5 GB  မူလပါရှိထားတဲ့ memory ထပ်တိုးနိုင်ပြီး 2800 mAh အားရှိ ဖြုတ်လွယ်တပ်လွယ်တဲ့ ဘက်ထရီ တစ်လုံး အပါအဝင် အသွင်သဏ္ဍာန်နှစ်မျိုးကို ပေါင်းစပ်ထားပါတယ်။ ထိုင်းနိုင်ငံမှာ ပြသထားတဲ့ Mega 2 ရဲ့အသွင်အပြင်မှာ ထူးခြားတာတစ်ခုက နောက်ကင်မရာ 8MP ပါရှိဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ဗားရှင်းဟန်းဆက်မှာတော့ 13MP ရှိကောင်းရှိလာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်တော့ ကင်မရာက အရည်အသွေးကောင်းမွန်တဲ့ ရုပ်ထွက်ရရှိစေမှာဖြစ်ပါတယ်။

သတင်းထုတ်ပြန်ချက်အရ Galaxy Mega 2 ဈေးနှုန်းဟာ $425 ဝန်းကျင်ရှိမှာဖြစ်ပြီး အနက်ရောင်နဲ့ အဖြူရောင် အရောင်နှစ်မျိုးနဲ့ မကြာခင်မှာ ဈေးကွက်အတွင်း ရောက်ရှိလာမှာဖြစ်ပါတယ်။

YouTube ရဲ့ လစဉ်ကြေးဝန်ဆောင်မှုအသစ် ကို YouTube Music Key

YouTube ရဲ့ လစဉ်ကြေးဝန်ဆောင်မှုအသစ် ကို YouTube Music Key လို့ အမည်ပေးထားပြီး အရုပ်မပါတဲ့ အသံသီးသန့်အတွက်သာဖြစ်ပြီး download လုပ်ကာ offline မှာ နားထောင်ဖို့ အတွက်တော့ တစ်လကို ၁၀ ဒေါ်လာကျသင့်မယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ လများစွာကတည်းက YouTube ရဲ့ လစဉ်ကြေးဝန်ဆောင်မှုနဲ့ ပတ်သတ်ပြီး သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပြီး ယခုအခါမှာတော့ အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီဝန်ဆောင်မှုကို စတင် စမ်းသပ်သုံးစွဲမယ့်သူတွေအတွက် ရက်၃၀ trial သုံးခွင့်ရမယ်လို့ သိရပါတယ်။
ယခင်နှစ်ကတည်းက Google ဟာ YouTube အတွက် လစဉ်ကြေးနဲ့ ဂီတ၀န်ဆောင်မှု တစ်ခုပြုလုပ်ဖို့စီစဉ်ခဲ့တာဖြစ်ပြီး ခုလိုပြုလုပ်ရခြင်းဟာလည်း ကုမ္မဏီ အနေနဲ့ တေးဂီတ ထုတ်လုပ်ရေး တွေကို သူတို့ရဲ့ သီချင်းတွေအတွက် ရသင့်တဲ့ အခကြေးငွေကို ပေးဆောင်ဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တစ်လကို ၁ ဘီလီယံ အထိ သုံးစွဲသူ အရေအတွက်များပြားနေတဲ့ YouTubeရဲ့ YouTube Music Key မှာ Google ရဲ့ Google Play Music Key လည်း ပါဝင်သက်ရောက်တယ်လို့ သိရပါတယ်။

Wednesday, 27 August 2014

ရင်သားကို ကိုင်ခွင့်ပြုပြီး AIDS တိုက်ဖျက်ရေး ရန်ပုံငွေအတွက် အလှုခံမယ့် ဂျပန်အပြာကားမင်းသမီးများ ဂျပန် အပြာရုပ်ရှင်ဇာတ်ကား

ဂျပန် အပြာရုပ်ရှင်ဇာတ်ကား သရုပ်ဆောင်မလေး တစ်သိုက်ဟာ ပရိတ်သတ်တွေ သူတို့ရဲ့ ရင်သားတွေကို ကိုင်တွယ်ခွင့်ပြုမယ့် ၂၄ နာရီကြာ အလှုခံမှုကို ပြုလုပ်ဖို့ပြင်ဆင်နေကြပါတယ်။
အပြာကားမင်းသမီး ၉ ဦးက ရုပ်မြင်သံကြားမှာ တိုက်ရိုက်ပြသမယ့် ‘Stop! AIDS’ လူပ်ရှားမှုနဲ့ပတ်သတ်ပြီး သူတို့ရဲ့စိတ်လှုပ်ရှားမှုကိုတွေကို မနည်းထိန်းထားရတာဖြစ်ပါတယ်လို့ ဌာနေမီဒီယာတွေကိုပြောပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီးညင်သာကြပါလို့တော့ တောင်းဆိုခဲ့ပါတယ်။
‘ကျွန်မရဲ့ရင်သားတွေကို လူတွေ ပွတ်သပ်ကိုင်တွယ်ကြမှာကိုတွေးပြီး ပျော်နေပါတယ်’ လို့ Rina Serina က Tokyo Sports ကိုပြောပါတယ်။ ‘ဒါပေမယ့် ရှင်တို့ကျေးဇူးပြုပြီး ညင်သာမယ်ဆိုရင် ကျွန်မအရမ်းပျော်ရွှင်ရမှာပါ’ လို့ပြောပါတယ်။ ‘ကျွန်မရဲ့ရင်သားတွေက လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်တယ်လို့ ကျွန်မဘယ်တုန်းကမှ မတွေးမိခဲ့ဘူး’ လို့ Serina ကပြောပါတယ်။ သူနဲ့လုပ်ငန်းတူ သရုပ်ဆောင် Iku Sakuragi ကတော့ သူမရဲ့ရင်သားတွေ လက်ပေါင်းရာကျော်နဲ့ အကိုင်အတွယ်ခံရမှာကို စိတ်ပူပန်ပုံမရပါဘူး။ ‘ဒါက အလှုအတန်းအတွက်ပါ။ ညှစ်ပါ၊ ပိုက်ဆံလှုပါ။ ပျော်ကြရအောင်’ လို့  Iku ကပြောပါတယ်။
ဒါဟာကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ရန်ပုံငွေတစ်ခု မတည်ဖို့အတွက် အောင်မြင်မှာသေချာတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်ထဲကစတင်ပြီး ၁၂ ကြိမ်မြောက်ဖြစ်သွားတဲ့ ဒီလှုပ်ရှားမှုမှာ အလှူလုပ်သူတွေက AIDS တိုက်ဖျက်ရေးလှုပ်ရှားမှုကို ငွေလှုရတာဖြစ်ပြီး ရုပ်သံမှာပြသမှာဖြစ်ပါတယ်။

Monday, 25 August 2014

Apple ရဲ့ iPhone 6 အရွယ်အစား ဘယ်လောက်ထိ ကြီးမှာလဲ

အခြားထုတ်ကုန်တွေနဲ့ နှိုင်းယှဉ်ရင် iPhone 6 ဘယ်လောက်ကြီးမလဲဆိုတဲ့ အကြောင်းလေးပါ။ ဖုန်းကုမ္ပဏီကို အဝေးကနေ စိတ်ဝင်စားနေသူတွေအတွက်တောင်မှ မကြခင်မှာ ထွက်ရှိလာတော့မယ့် Apple ရဲ့ iPhone 6 ကို ပြုလုပ်ဖန်တီးခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးချက်တွေ ကြားကြရမှာဖြစ်ပါတယ်။ Apple ရဲ့ နောက်မျိုးဆက် ဖြစ်တဲ့ စမတ်ဖုန်းကို စက်တင်ဘာလမှာ ထွက်ရှိလာမယ်လို့ မျှော်လင့်ထားပေမယ့် ၎င်းနဲ့ ပတ်သက်ပြီး ပေါက်ကြားထားတဲ့ သတင်းတွေနဲ့ ကောလဟာလတွေကတော့ ခုလတ်တလောမှာ အင်တာနက်ပေါ် ပျံ့နှံ့လျက်ရှိနေပါတယ်။
ပြောဆိုထားတဲ့ ကောလဟလနဲ့ပတ်သက်ပြီး  လိုချင်အောင် ဆွဲဆောင်နေတဲ့ ၄.၇ လက်မမျက်နှာပြင်အရွယ်ရှိ iPhone 6 ရဲ့ အကောင်အထည်မဖော်ရသေးတဲ့ စိတ်ကူးပုံလေးတွေကိုသာ အခု ကျွန်တော်တို့လက်နဲ့ ထိတွေ့နေရပါတယ်။ နှိုင်းယှဉ်ပြီး တင်ထားတဲ့ ဒီအရွယ်အစားနဲ့ ပတ်သက်လို့ ဒီဇိုင်နာ Tomas Moyano နဲ့ Nicolas Aichino တို့နှစ်ယောက်ကနေ ဆွဲထားတဲ့ စိတ်ကူးထဲကပုံကိုပဲ အသုံးပြု ပြောဆိုနေကြတာပါ။ ဒီအချိန်မှာ ကျွန်တော်တို့ 5.43 x 2.64 x 0.28 inches (138 x 67 x 7 mm) အရွယ်အစားရှိမယ်လို့ လက်ရှိမှာ ကြေငြာထားတဲ့  iPhone 6 ရဲ့ ကောလဟာလ ထုထည်၊ သွင်ပြင်လက္ခာတွေကိုသာ အသုံးပြုနေကြဆဲဖြစ်ပါတယ်။ သူ့ရဲ့တကယ့်အရွယ်အစားဟာ ဘယ်လောက်ထိကြီးမှာလဲဆိုတာ အရေးမကြီးပါဘူး။ ဒါပေမဲ့ ဒီထုထည်အရွယ်အစားဟာ Apple ကနေ ရှေ့လမှာကြေငြာသွားမယ့် ထုထည်အရွယ်အစားနဲ့ နီးစပ်မှုရှိမယ်လို့ ယူဆလိုက်မယ်ဆိုရင် Xperia Z2၊ G3၊Galaxy S5 နဲ့ the One (M8) တို့အပါအဝင် ခုလက်ဝယ်မှာရှိနေတဲ့ တခြားထုတ်ကုန်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် iPhone 6 ဟာ ဘယ်လိုမျိုးဖြစ်မယ်ဆိုတာ အနည်းဆုံး အိုင်ဒီယာလေးတော့ ရနိုင်မှာပါ။

Friday, 22 August 2014

Sony ရဲ့ကင်မရာ အသစ်ပါ

ကင်မရာ အနားသတ်ဘောင်ဒီဇိုင်းတွေကို ထည့်သွင်းစမ်းသပ်တဲ့ Sony ရဲ့ လုပ်ဆောင်ချက်က လုံးဝမျှော်လင့်မထားတဲ့ တီထွင်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။ Sony ရဲ့ တရုတ်ဘာသာစကားသုံးထားတဲ့ ဝက်ဘ်ဆိုက်တစ်ခုအရ လာမယ့် သြဂုတ်လ (၂၂) နေ့မှာ ကြောငြာချက်တစ်ခု ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်ရှင်းလင်းချက်တွေ ဖော်ပြမထားခဲ့တာကြောင့် ၎င်းသတင်းအစီရင်ခံစာထဲက ဖော်ပြချက်ဟာ အလိမ်အညာတစ်ခုဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ဂျပန်ဆိုက်ထဲမှာပြောဆိုထားတာက KW1 လို့ ခေါ်တဲ့ ကျစ်လစ်သေးငယ်တဲ့ ကင်မရာမှာ 1/2.3လက်မ ရှိ 19-megapixel အာရုခံကိရိယာနဲ့ a 23mm- နဲ့အညီ f/2 ထောင့်အကျယ်ရှိ အရည်အသွေးကောင်းမွန်တဲ့ မှန်ဘီလူး ထည့်သွင်းထားပါတယ်။ အထူးတလည် ချိန်ညှိစရာမလိုပဲ အလွယ်တကူ အသုံးပြုဓါတ်ပုံရိုက်နိုင်တဲ့ ကင်မရာအမျိုးအစားတစ်ခုထက် GoPro အမျိုးအစားနဲ့ အသွင်သဏ္ဍာန် ပိုမိုဆင်တူမှုရှိပြီး တမူထူးခြားတဲ့ ဒီဇိုင်းစာရင်းထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် ကိုယ့်ပုံကို ရိုက်ဖို့အတွက် အဆင်ပြေမှုရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ ဒီကင်မရာမှာ Wi-Fi ၊NFC နဲ့ app စတဲ့ အခက်အခဲမရှိဘဲ အလွယ်တကူအသုံးပြုနိုင်မယ့် လုပ်ဆောင်ချက်တွေ ပါဝင်တယ်လို့လည်းဆိုပါတယ်။

Thursday, 21 August 2014

စက်တင်ဘာ (၄) မှာ ထွက်ရှိလာမယ့် Nokia Lumia 730 စမတ်ဖုန်း

Microsoft က Selfie စမတ်ဖုန်းတစ်ခုကို ( Nokia Lumia 730)  ထုတ်လုပ်ဖို့ ဟိုးအရင်ကတည်းက စီစဉ်နေခဲ့တာဖြစ်ပါတယ်။ ဒီ ကောလဟလပြောဆိုချက်တွေဟာ ယုံကြည်ရမယ့် အချက်အလက်တွေဆိုရင် စက်တင်ဘာလ (၄) ရက်နေ့ Berlin မြို့မှာ ရွှေရောင်နေ့သစ်ကို တွေ့မြင်ရမှာပါ။  Baidu နဲ့ တခြားစမတ်ဖုန်း သတင်းဖော်ပြပေးတဲ့ ဆိုက်တွေရဲ့ ကျေးဇူးကြောင့် ဒီ Lumia 730 ဖုန်းအကြောင်း အင်တာနက် စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။
ပေါက်ကြားခဲ့တဲ့ သတင်းအချက်အလက်တွေအရ Lumia 730 (RM-1038) မှာ 4.7-inch HD display မျက်နှာပြင်၊ RAM- 1GB ရှိတဲ့ Snapdragon 400 SoC တစ်ခုနဲ့  SIM ကဒ် (၂) ကဒ် ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ ဒီဖုန်းမှာ 4G LTE စနစ်ရရှိမှာဖြစ်ပြီး Nano SIM ထည့်ဖို့ နေရာတစ်ခုနဲ့ Qi လို့ခေါ်တဲ့ ကြိုးမဲ့ အားသွင်းစနစ်၊ ဒါ့အပြင် နောက်ထပ်သိုလှောင်မှုတိုးမြင့်ပေးမယ့် micro SD ကဒ်တစ်ခု ထည့်သွင်းပါရှိမယ်ဆိုတဲ့ အချက်တွေဟာ ပိုမိုကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။
Lumia 730 ကင်မရာအကြောင်း သိရသလောက်က ဈေးကွက်ထဲမှာ selfie ဖုန်းအဖြစ် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဒီဖုန်းမှာ ကြည်လင်ပြတ်သားတဲ့ နောက်ကင်မရာမှာ Carl Zeiss 20MP နဲ့ ရှေ့ဘက်ကင်မရာမှာတော့ 5MP ပါရှိမှာဖြစ်ပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏဟာ 134.7× 68.5 ဝန်းကျင်လောက်ဖြစ်မယ်လို့ ခန့်မှန်းထားတာကြောင့် သေးငယ်မယ်လို့ မမျှော်လင့်လိုက်ပါနဲ့။ ပုံမှန်အတိုင်းပါရှိမယ့် တခြားသော အချက်အလက်တွေက FM radio၊ NFC support Bluetooth၊  3G နဲ့ 2G အင်တာနက်ချိတ်မှုစနစ်တွေ ဖြစ်ပါတယ်။ ၎င်းဟန်းဆက်အကြောင်း သတင်းအချက်အလက်တွေ တစ်ဝက်လောက်ဟာ စက်တင်ဘာလ (၄) ရက်နေ့မှာ တကယ်ဖြစ်လာမလာကတော့ စောင့်ကြည့်ရမှာ ပေါ့နော်။

ဆယ်ကျော်သက်တွေအနေနဲ့ မိဘတွေကို လစ်လျူ ရှုထားလို့ ရမှာမဟုတ်တော့တဲ့ Ignore No More App အသစ်

Android ရဲ့ app အသစ် Ignore No More ကြောင့် မိခင်နဲ့ ဖခင်တို့ရဲ့ဖုန်းခေါ်ဆိုမှုတွေကို လစ်လျုရှုလို့တဲ့ရက်တွေဆိုတာ ဆယ်ကျော်သက်လူငယ်တွေမှာ ရှိကြတော့မှာ မဟုတ်ပါဘူး။

ဒီ app က မိဘတွေအနေနဲ့ သူတို့ကလေးတွေရဲ့ ဖုန်းကို ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ အဝေးမှ သော့ခတ်ထားလို့တောင် ရစေနိုင်ပါတယ်။

အမေ့ဖုန်းကို ကိုင်မှာလား (သို့) ဒုက္ခလှလှနဲ့ ပဲ တွေ့ချင်သလားပေါ့…။

Ignore No More ကို ဆယ်ကျော်သက်တွေရဲ့ စမတ်ဖုန်းထဲမှာ ထည့်သွင်း တပ်ဆင်ရမှာဖြစ်ပြီး ဖုန်းပြန်ခေါ်ဆိုခြင်းဟာ ဖုန်းလော့ခ်ပြန်ဖွင့်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

မိဘတွေက သူတို့ရဲ့စက်ထဲကနေ အဲဒီဖုန်းကို လော့ခ်ချလိုက်တဲ့အခါ မျက်နှာပြင်လော့ခ် စကားဝှက်(password) တစ်ခုနဲ့ အရေးပေါ်ဖုန်းခေါ်ဆိုမှု (Emergency Call ) လိုမျိုး လော့ခ်ပြန်ပွင့်အောင် တောင်းဆိုနိုင်တဲ့ ခလုတ်တစ်ခုကို ပေးအပ်ခံထားရပါတယ်။

Ignore No More ကို ဖျက်ပစ်ဖို့ ကြိုးစားလိုက်ခြင်းဟာ ဖုန်းကို လော့ခ်ပိတ်သွားစေမှာဖြစ်ပြီး မိဘတွေအနေနဲ့သာ သူတို့ကို ထိန်းချုပ်ဖို့ နဲ့ ပြန်လည်ဖျက်သိမ်းနိုင်ဖို့ သီးခြားကုဒ်နံပါတ်တစ်ခုခုကို ထည့်သွင်းထားရမှာဖြစ်ပါတယ်။

ဒီအကြံအဥာဏ်ကို Texas ပြည်နယ် Houston မြို့က မိခင်တစ်ဦးဖြစ်တဲ့ Sharon Standifird ကနေ တီထွင်ထားတာဖြစ်ပါတယ်။ Sharon Standifird ဟာ သူမရဲ့ဖုန်းခေါ်ဆိုမှုတွေကို အမြဲတမ်းလစ်လျုရှု ပြီး ဖုန်းပြန်လည်ခေါ်ဆိုခြင်းလည်းမရှိတဲ့ သားတစ်ယောက်ရဲ့ မိခင်တစ်ဦးလည်းဖြစ်ပါတယ်။

“ဒါလေးက ကောင်းတဲ့ အကြံအဥာဏ်တစ်ခုလို့ ထင်ပါတယ်။ ဆိုလိုတာက ကျွန်မအတွက်တော့ မဟုတ်ပါဘူး။ တခြားမိခင်(သို့) ဖခင် တွေအတွက်ပါ” လို့ သူမက ABC သတင်းကို ပြောပြခဲ့ပါတယ်။

ဒီ app ကို Google Play store မှာ ရယူနိုင်မှာဖြစ်ပြီး နောက်ဆိုရင် iPhoneနဲ့ အသုံးပြုရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် လူမှုကွန်ရက်ကြောင့် ပဋိပက္ခ မဖြစ်စေရန် Facebook တိုက်ရိုက်ကူညီ မည်

မြန်မာနိုင်ငံတွင် အင်တာနက် လူမှုကွန်ရက်
များကြောင့် ပဋိပက္ခများ မဖြစ်စေရန်
အချိန်ပြည့်စောင့်ကြည့် ကြီးကြပ်၍ Facebook
က အကူအညီပေးနေပြီ ဖြစ်ကြောင်း နိုင်ငံတော်
သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဝါရှင်တန်ဒီစီတွင်ရှိသည့် Facebook ရုံးချုပ်က တာဝန်ရှိသူတစ်ဦး၊ အိုင်ယာလန်တွင်ရှိသည့် Facebook တာဝန်ရှိသူတစ်ဦး၊ အာရှပစိဖိတ် Facebook တာဝန်ခံတစ်ဦး စုစုပေါင်းသုံးဦးကို Facebook အသုံးပြုသူများနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ရန် သတ်မှတ်ပေးထားကြောင်း ၎င်းကဆိုသည်။

လတ်တလော မန္တလေးမြို့တော်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် လူမှုကွန်ရက် စာမျက်နှာများက ပိုမို ကြီးထွားစေခဲ့သဖြင့် ပဋိပက္ခကာလတွင် အဆိုပါ တာဝန်ရှိသူများ၊ Silicon Valley မှ ပညာရှင်နှစ်ဦးနှင့် မြန်မာအစိုးရ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် Facebook သုံးစွဲမှုနှင့် ပတ်သက်၍ စောင့်ကြည့်မှုများကို Facebook က မန္တလေးမြို့တော် ပဋိပက္ခတွင် ၂၄ နာရီ စောင့်ကြည့်ကာ ပဋိပက္ခ လျော့ကျသွားအောင် Facebook ၏ မူဘောင်များနှင့်အညီ အတတ်နိုင်ဆုံး အကူအညီ ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးက တာဝန်ရှိသူတစ်ဦးမှ ဆိုသည်။
Facebook သုံးစွဲသူများကို ယခုပဋိပက္ခ မတိုင်မီကတည်းက စောင့်ကြည့်ရာတွင် ဘာသာစကား အခက်အခဲရှိသဖြင့် Facebook ဘက်တွင် မြန်မာဝန်ထမ်း တစ်ဦးကို ခန့်အပ်ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

Facebook တာဝန်ရှိသူများနှင့် ဆွေးနွေးရာတွင် ရေတိုအနေနှင့် ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများ လျော့ကျအောင် Facebook မူဘောင်နှင့်အညီ စိစစ်ခြင်း၊ ပိတ်ပင်ခြင်းများ လုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ရေရှည်အနေနှင့် နောက်တွင် လူမှုကွန်ရက် အသုံးပြုကာ ပဋိပက္ခဖန်တီးမှု ဖြစ်စဉ်များ မဖြစ်အောင် နည်းပညာ၊ ဥပဒေကြောင်းအရ ဆောင်ရွက်ရမည့် ကိစ္စများကို Facebook က အကူအညီပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူ အမည်မဖော်ဘဲ Account အတုများဖြင့် အသုံးပြုနေသည့် ပြဿနာကိုလည်း တင်ပြခဲ့ပြီး Facebook ပေါ်လစီအရ Account တု အသုံးပြုခြင်းကို ခွင့်မပြုထားကြောင်း ၎င်းကဆိုသည်။

အလယ်အလတ်အနေနှင့် နည်းပညာပိုင်း၊ monitoring (စောင့်ကြည့်စစ်ဆေး)၊ မြန်မာနိုင်ငံက User များကို အသိပညာပေးရန် Facebook နှင့် Google မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံက နည်းပညာရှင်များ၊ User များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ရန်ကုန်မြို့တော်တွင် ဇူလိုင်လ တတိယအပတ်၌ တွေ့ဆုံဆွေးနွေးနိုင်အောင် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရှိရသည်။

Wednesday, 20 August 2014

အသက်၁၆နှစ်အရွယ် ပလပ်စတစ်ဆာဂျရီ မလုပ်ဘူးဆိုတဲ့

Ukarine နိုင်ငံ Kiev မြို့က အသက် ၁၆ နှစ်အရွယ် Lolita Richi ဟာ သူမရဲ့အသွင်အပြင်ကို mattelရုပ်ရဲ့ပြီးပြည့်စုံတဲ့ ပုံတူပွားဖြစ်အောင် ပြောင်းလိုက်တဲ့ နောက်ဆုံးလူသား ဘာဘီဖြစ်ပါတယ်။ သူ့အရင်ကတော့ Alina Kovalevskaya နဲ့ Valeria Lukyanov တို့က အလားတူလုပ်ရပ်မျိုး လုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Lolita ရဲ့အသွင်အပြင်ကူးပြောင်းမှုက မြင်ဖူးသမျှထဲမှာ ထိပ်လန့်စရာ အကောင်းဆုံးဖြစ်နိုင်ပါတယ်။

သူမမှာ လက်မ ၂၀ ရှိတဲ့ ခါးနဲ့ အလွန်တရာကြီးမားနေတဲ့ ရင်သားတွေရှိတဲ့အတွက် ဒီလိုမျိုး ဘာဘီစံပြပုံစံအသွင်အပြင်ရဖို့အတွက်  ပလပ်စတစ်ဆာဂျရီခွဲစိပ်မှုပြုလုပ်ထားတယ်လို့ ထင်စရာရှိပေမယ့် ဆယ်ကျော်သက် ယူကရိန်းကောင်မလေးကတော့ ခွဲစိပ်မှုတွေ၊ အစာလျော့စားမှုတွေနဲ့၊ photoshop (ဓာတ်ပုံဖြတ်ညှပ်ကပ်) တွေမပြုလုပ်ထားဘူးလို့ အခိုင်အမာဆိုပါတယ်။

‘ကျွန်မ အခြားသူတွေ ထက်ပိုကောင်းတဲ့ ပုံသဏ္ဍန်ရနေပြီလို့ ကျွန်မထင်ပါတယ်။ ကျွန်မက လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု အရှိဆုံးသူပါ။ Valerua Lukyanove (အခြားနာမည်ကြီး လူသားဘာဘီ) ကို ကျွန်မကြားတောင်မကြားဖူးပါဘူး’ လို့ပြောပါတယ်။

သူမရဲ့ကိုယ်ပိုင်စေ့ဆော်မှုကို မေးတဲ့အခါမှာတော့ သူမက ပြီးပြည့်စုံတဲ့အသွင်အပြင်ရှိချင်ပြီး အမျိုးသမီးတွေအားလုံး ဒါကိုလိုချင်သင့်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ကောင်လေးတွေဆီကလာတဲ့ စိတ်ဝင်စားမှုကိုပြောပြတဲ့အခါမှာလည်း Lolita တစ်ယောက်ရှက်ကြောက်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူမရဲ့စိတ်ဝင်စားမှုကို ဘယ်သူကမှ မတားဆီးနိုင်ခဲ့ဘူးလို့ပြောဆိုပါတယ်။

‘လူတွေက သူတို့ကျွန်မကို ဘယ်လို မနာလိုဖြစ်တာနဲ့ ကျွန်မဘယ်လို လှပတာကို ပွင့်ပွင့်လင်းလင်းပြောကြတယ်။ ကျောင်းကကောင်လေးတွေအားလုံး ကျွန်မကိုကြိုက်ကြတယ်။ ဒါပေမယ့် ကျွန်မသူတို့ထဲက တစ်ယောက်ကိုမှ မကြိုက်ဘူး။ သူတို့က ကျွန်မစိတ်ကြိုက်မဟုတ်ဘူးလေ’ လို့ ပြောပါတယ်။

Saturday, 16 August 2014

မျက်မမြင်များလက်လက်စွပ်

Massachusetts နည်းပညာတက္ကသိုလ်က
သိပ္ပံပညာရှင်တွေဟာ လက်ညှိုးမှာ ၀တ်ဆင်
ထားတဲ့သူကို ပုံနှိပ်စာလုံးတွေနဲ့ ချက်ချင်း
ထိတွေ့နိုင်စေပြီး အသံနဲ့စာဖတ်ပြနိုင်တဲ့
ကရိယာ ကိုတီထွင်နေပါပြီ။

FingerReader လို့အမည်ရပြီး သုံးဖက်မြင် 3-D printer နဲ့ထုတ်လုပ်ထားတဲ့ မူလပုံစံ ကရိယာဟာ စာလုံးတွေကို ဖတ်နိုင်တဲ့ ကင်မရာအသေးတစ်လုံးနဲ့ တပ်ဆင်ထားတာဖြစ်ပြီး အသုံးပြုသူရဲ့ လက်ချောင်းပေါ်မှာ လက်စွပ်တစ်ကွင်းလို ၀တ်ဆင်လို့ ရစေမှာဖြစ်ပါတယ်။ စက်နဲ့ထုတ်လုပ်တဲ့ အသံဟာ စကားလုံးတွေကို ကျယ်လောင်စွာနဲ့ ဖတ်ပြပြီး အထူးသဖြင့် အိမ်မဟုတ်တဲ့နေရာတွေ ဒါမှမဟုတ် ရုံးတွေမှာ စာအုပ်တွေ၊ စားသောက်ဆိုင်က menu တွေနဲ့ နေ့စဉ်ဘ၀မှာ လိုအပ်တဲ့ အရာတွေကို အလျှင်အမြန်ပဲ ပြန်ဆိုပေးမှာဖြစ်ပါတယ်။

စာဖတ်ရတာဟာ စာလုံးကို လက်နဲ့လိုက်ထောက်သလောက် လွယ်ကူမှာဖြစ်ပါတယ်။ အထူးဆော့ဖ်ဝဲ ကလက်ချောင်းရွှေ့လျားမှုကိုခြေရာခံ၊ စကားလုံးတွေကို ခွဲခြားဖေါ်ထုတ်ပေးပြီး သတင်းချက်အလက်တွေကို ဆက်လက် လုပ်ဆောင်ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ ဒီကရိယာမှာ စာဖတ်သူတွေ စာလုံးနေရာနဲ့လွဲချော်သွားတဲ့ အခါ သတိးပေမယ့် တုန်ခါနိုင်တဲ့ မော်တာတွေပါဝင်တယ်လို့ MIT မီဒီယာဓာတ်ခွဲခန်းမှာ ဒီကရိယာကိုတီထွင်ဖန်တီးနေတဲ့ Roy Shikrot ကပြောပါတယ်။

အသက် ၆၂ နှစ်အရွယ်မျက်မမြင် Jerry Berrier ကတော့ ဒီ FingerReader ရဲ့ မျှော်လင့်နိုင်ရတဲ့အရာက အလွယ်တကူသယ်ဆောင်အသုံးပြုနိုင်မှုနဲ့ စာသင်ကျောင်း၊ ဆရာဝန်ရုံးခန်းနဲ့ စားသောက်ဆိုင်တွေမှာ အချိန်နဲ့တပြေးညီ လုပ်ငန်းလုပ်ဆောင်နိုင်မှုတွေဖြစ်ပါတယ်လို့ပြောပါတယ်။

‘ကျွန်တော် ဆရာဝန်ရုံးခန်းကိုသွားတဲ့အခါမှာ ကျွန်တော်လက်မှတ်မထိုးခင် ဖတ်ကြည့်ချင်လောက်တဲ့ အမေးအဖြေပုံစံတွေရှိနိုင်ပါတယ်’ လို့ Berrier ကပြောပါတယ်။

Berrier ဟာ Massachusetts နဲ့ Rhode Island ဒေသတွေက အကြားအမြင်ချို့တဲ့နေပြီး ၀င်ငွေနည်းပါးတဲ့ လူတွေကို နည်းပညာဖြန့်ဝေပေးတဲ့ ဗဟိုအစိုးရအစီအစဉ်အတွက် လေ့ကျင့်ရေးနဲ့ တန်းဖိုးသတ်မှတ်ရေး စီမံခန့်ခွဲနေတဲ့သူဖြစ်ပါတယ်။  Watertown, Massachusetts မှာရှိတဲ့ မျက်မမြင်ကောင်း the Perkins မှာလည်းသူအလုပ်လုပ်ပါတယ်//

Thursday, 14 August 2014

မြန်မာ့ မီးရထားမှမန္တလေးလေး-မြစ်ကြီးနား အမှတ်(၃၇)အဆန်နှင့်(၃၈)အစုန်လူစီးအမြန်ရထား

မြန်မာ့ မီးရထားမှ မန္တလေး - မြစ်ကြီးနား ပြေးဆွဲလျက် ရှိသော အမှတ်(၃၇) အဆန်နှင့် (၃၈)အစုန် လူစီး အမြန်ရထားကို မကြာမီ ကာလအတွင်း ကချင် အများစုပိုင် ပုဂ္ဂလိက ကုမ္ပဏီရထား အဖြစ် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂလိက လုပ်ငန်း လုပ်ကိုင်ခွင့် အတွက် ပြီးခဲ့သည့် ဇွန်လအတွင်း အကျိုးတူ စင်းလုံးငှား စနစ် လေလံတင်ဒါများ ခေါ်ယူခဲ့ရာ ၄င်းကုမ္ပဏီက ရရှိခဲ့ခြင်း ဖြစ်ကြောင်း မန္တလေး ဘူတာကြီး မီးရထား ဝန်ထမ်း တစ်ဦးထံမှ သိရသည်။

အဆိုပါ ရထား ပြေးဆွဲနိုင်ရေး အတွက် မြစ်ငယ်တွဲပြင် စက်ရုံတွင် တွဲဆိုင်း အသစ်များ ထုတ်လုပ်လျက် ရှိကြောင်း၊ လက်ရှိတွင် အစုန်၊ အဆန် တွဲဆိုင်း နှစ်ဆိုင်း ဖြင့် ပြေးဆွဲနေပြီး ၄င်း တွဲဆိုင်းများ သည် Auto Coupler (အော်တို ကော်ပလာ) တွဲဆိုင်းများ ဖြစ်ကြောင်း၊ ကုမ္ပဏီ ပြေးဆွဲမည့် တွဲဆိုင်းကို အဆင့်မြှင့်တင် ထားသည့် ABC တွဲဆိုင်းများ ဖြင့် အစားထိုး ပြေးဆွဲပေး သွားမည် ဖြစ်ကြောင်း သိရသည်။

'' မြန်မာ့မီးရထား နဲ့ ကုမ္ပဏီ လေလံစာချုပ် အရ ကုမ္ပဏီက မန္တလေး - မြစ်ကြီးနား ခရီးစဉ် တစ်ခေါက်ကို ငွေကျပ် ၆၉ သိန်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ လက်မှတ်ခ နှုန်းထား ကိုတော့ ကုမ္ပဏီက လက်ရှိ သတ်မှတ် ထားတဲ့ ဈေးနှုန်းထက် ၁ဝ ရာခိုင်နှုန်း တိုးကောက်မယ် လို့ သိရပါတယ်။ လက်ရှိ ပြေးဆွဲနေတဲ့ လက်မှတ်ခ နှုန်းထားတွေ ကတော့ ရိုးရိုးတန်း လက်မှတ် တစ်စောင် ငွေကျပ် ၇၅ဝဝ၊ အထက်တန်း ငွေကျပ် ၁၅ဝဝဝ၊ အထက်တန်း အိပ်စင် ငွေကျပ် ၁၈ဝဝဝ နဲ့ ပြေးဆွဲ နေပါတယ်။ ကုမ္ပဏီက ၁ဝ ရာခိုင်နှုန်း တိုးကောက်မယ် ဆိုရင် ရိုးရိုးတန်း ငွေကျပ် ၈၂၅ဝ၊ အထက်တန်း ငွေကျပ် ၁၆၅ဝဝ၊ အိပ်စင် ငွေကျပ် ၁၉၈ဝဝ နဲ့ ရောင်းချမယ် ထင်တယ်။ မန္တလေး - မြစ်ကြီးနား အမှတ် (၃၇၊ ၃၈) ရထားမှာ ရိုးရိုးတန်း လေးတွဲ၊ အထက်တန်း သုံးတွဲ၊ အိပ်စင် နှစ်တွဲ၊ ကုန်တင်တွဲ တစ်တွဲ၊ စုစုပေါင်း ၁ဝ တွဲနဲ့ ပြေးဆွဲ နေပါတယ် ... ''ဟု ၄င်းက ဆက်လက် ပြောပြသည်။

ကုမ္ပဏီရထား အဖြစ် ပြေးဆွဲရာတွင် ပါဆယ် တန်ဆာခ များကို ပြောင်းလဲ ကောက်ခံမည် မဟုတ်ကြောင်း ရထားထွက်ခွာ ချိန်ကိုလည်း ပုံမှန်အတိုင်း ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။