Microsoft က Selfie စမတ်ဖုန်းတစ်ခုကို ( Nokia Lumia 730) ထုတ်လုပ်ဖို့ ဟိုးအရင်ကတည်းက စီစဉ်နေခဲ့တာဖြစ်ပါတယ်။ ဒီ ကောလဟလပြောဆိုချက်တွေဟာ ယုံကြည်ရမယ့် အချက်အလက်တွေဆိုရင် စက်တင်ဘာလ (၄) ရက်နေ့ Berlin မြို့မှာ ရွှေရောင်နေ့သစ်ကို တွေ့မြင်ရမှာပါ။ Baidu နဲ့ တခြားစမတ်ဖုန်း သတင်းဖော်ပြပေးတဲ့ ဆိုက်တွေရဲ့ ကျေးဇူးကြောင့် ဒီ Lumia 730 ဖုန်းအကြောင်း အင်တာနက် စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။
ပေါက်ကြားခဲ့တဲ့ သတင်းအချက်အလက်တွေအရ Lumia 730 (RM-1038) မှာ 4.7-inch HD display မျက်နှာပြင်၊ RAM- 1GB ရှိတဲ့ Snapdragon 400 SoC တစ်ခုနဲ့ SIM ကဒ် (၂) ကဒ် ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ ဒီဖုန်းမှာ 4G LTE စနစ်ရရှိမှာဖြစ်ပြီး Nano SIM ထည့်ဖို့ နေရာတစ်ခုနဲ့ Qi လို့ခေါ်တဲ့ ကြိုးမဲ့ အားသွင်းစနစ်၊ ဒါ့အပြင် နောက်ထပ်သိုလှောင်မှုတိုးမြင့်ပေးမယ့် micro SD ကဒ်တစ်ခု ထည့်သွင်းပါရှိမယ်ဆိုတဲ့ အချက်တွေဟာ ပိုမိုကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။
Lumia 730 ကင်မရာအကြောင်း သိရသလောက်က ဈေးကွက်ထဲမှာ selfie ဖုန်းအဖြစ် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဒီဖုန်းမှာ ကြည်လင်ပြတ်သားတဲ့ နောက်ကင်မရာမှာ Carl Zeiss 20MP နဲ့ ရှေ့ဘက်ကင်မရာမှာတော့ 5MP ပါရှိမှာဖြစ်ပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏဟာ 134.7× 68.5 ဝန်းကျင်လောက်ဖြစ်မယ်လို့ ခန့်မှန်းထားတာကြောင့် သေးငယ်မယ်လို့ မမျှော်လင့်လိုက်ပါနဲ့။ ပုံမှန်အတိုင်းပါရှိမယ့် တခြားသော အချက်အလက်တွေက FM radio၊ NFC support Bluetooth၊ 3G နဲ့ 2G အင်တာနက်ချိတ်မှုစနစ်တွေ ဖြစ်ပါတယ်။ ၎င်းဟန်းဆက်အကြောင်း သတင်းအချက်အလက်တွေ တစ်ဝက်လောက်ဟာ စက်တင်ဘာလ (၄) ရက်နေ့မှာ တကယ်ဖြစ်လာမလာကတော့ စောင့်ကြည့်ရမှာ ပေါ့နော်။
No comments:
Post a Comment