YouTube ရဲ့ လစဉ်ကြေးဝန်ဆောင်မှုအသစ် ကို YouTube Music Key လို့ အမည်ပေးထားပြီး အရုပ်မပါတဲ့ အသံသီးသန့်အတွက်သာဖြစ်ပြီး download လုပ်ကာ offline မှာ နားထောင်ဖို့ အတွက်တော့ တစ်လကို ၁၀ ဒေါ်လာကျသင့်မယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ လများစွာကတည်းက YouTube ရဲ့ လစဉ်ကြေးဝန်ဆောင်မှုနဲ့ ပတ်သတ်ပြီး သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပြီး ယခုအခါမှာတော့ အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီဝန်ဆောင်မှုကို စတင် စမ်းသပ်သုံးစွဲမယ့်သူတွေအတွက် ရက်၃၀ trial သုံးခွင့်ရမယ်လို့ သိရပါတယ်။
ယခင်နှစ်ကတည်းက Google ဟာ YouTube အတွက် လစဉ်ကြေးနဲ့ ဂီတ၀န်ဆောင်မှု တစ်ခုပြုလုပ်ဖို့စီစဉ်ခဲ့တာဖြစ်ပြီး ခုလိုပြုလုပ်ရခြင်းဟာလည်း ကုမ္မဏီ အနေနဲ့ တေးဂီတ ထုတ်လုပ်ရေး တွေကို သူတို့ရဲ့ သီချင်းတွေအတွက် ရသင့်တဲ့ အခကြေးငွေကို ပေးဆောင်ဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တစ်လကို ၁ ဘီလီယံ အထိ သုံးစွဲသူ အရေအတွက်များပြားနေတဲ့ YouTubeရဲ့ YouTube Music Key မှာ Google ရဲ့ Google Play Music Key လည်း ပါဝင်သက်ရောက်တယ်လို့ သိရပါတယ်။
No comments:
Post a Comment