Saturday, 30 August 2014
myanmar ringtones သိချင်းလေးပါ
MM Ringtones Collection.Apk
လေးပါ သူငယ်ချင်းတွေကြိုက်မှာပါ
မြန်မာသီချင်း42ပုဒ်ပါတယ်နော်
Ringtoneထဲပဲထည့်ထည့်
Notificationအသံဆိုလဲလန်းပါတယ် Alarmအတွက်လဲအဆင်ပြေပါတယ်Contactထဲသိမ်းထားပြီ မီမီကြိုက်နှစ်သက်ရာ ရွှေးချယ်နိုင်ပါတယ် Ringtone သီချင်းကတော့ အကောင်းတွေကြည့်ပါပဲ
ဆော့ဝဲလ်ဒေါင်းရန်
https://db.tt/nwPq9366
Connemtရေးခဲ့ပါဗျာ အဆင်ပြေပါစေ
Friday, 29 August 2014
viber online/offline
ယုခု app ဟာ အင်တာနတ်သုံးနေစဉ် Viber ကို Offline လုပ်ထားနိုင်ပါတယ်
သင့်ချစ်သူ ဘဲ ဖြစ်ဖြစ် သင့်မိတ်ဆွေဘဲ ဖြစ်ဖြစ် သင့်အား Viber မှ ပို့သမျှ စာသားများကို မဝင်တော့ ပါဘူး"
Online/Offline အဖွင့် /အပိတ် ပါသောကြောင့်
အချိန်မရွေး Viber ကို Online/Offline လုပ်နိုင်ပါတယ်"
နေစဉ် (သို့မဟုတ်) အချိန်ပိုင်း|
အချိန်ရက်လခုနှစ် သို့
ကြိုတင်၍ Offline အခြေနေ အတွက် အချိန်ဇယားဆွဲပြီး ပြင်ဆင်နိုင်ပါတယ်"
တစ်ဘက်လူမှ သင့် Viber ကိုကြည့်လျင် Offline သာမြင်ရပါမည်"
Viber က အနှောက် အရှက်များကို ရှောင် နေလို့ရပါပြီး /
Online ပြန်ဖြစ်ချင်တယ် ဆိုပါက ချက်ချင်း On နိုင်ပါတယ်"
ဆော့ဝဲအားဒေါင်းရန်
http://www.mediafire.com/?xnq7n7rgrnl0b1h
်fb add friend ဖျောက်နည်းလေးပါ
cb က မေးလာတဲ့ သူငယ်ချင်းတွေရှိလို့တင်ပေး
ဒီ link လေးကတော့ Add friends ဖျောက်နည်း pdf book လေးပါ
http://pc.cd/iq2
Thursday, 28 August 2014
တရားဝင် ထုတ်ပြန်ကြေငြာချက် မလုပ်မီ ထွက်ရှိလာတဲ့ Samsung Galaxy Mega 2
ထိုင်းအင်တာနက်ဝက်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ Droid Sans ဟာ အဆမတန်ကြီးမားတဲ့ ဒီ Galaxy Mega 2 ကို ကြည့်မြင်ခွင့်ရအောင် အချိန်မတိုင်မီ ကြိုတင်ပြသခဲ့တဲ့ သတင်းဝက်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ ယခုလအစောပိုင်းက သတင်းထုတ်ပြန်ခဲ့တဲ့ အတိုင်း ဒီ Mega 2 ဟာ Galaxy 5.8 နဲ့ Galaxy 6.3 ရဲ့ မျိုးဆက်တစ်ခုဖြစ်ပါတယ်။ အရွယ်အစားပိုင်းမှာတော့ ဒီဟန်းဆက်သစ်ဟာ 720× 1280 pixels နဲ့အတူ 6-inch မျက်နှာပင်ပါရှိပြီး အရင်မော်ဒယ်လ်နှစ်ခုရဲ့ ပုံစံကို ရောစပ်ယူထားတာဖြစ်ပါတယ်။
Android 4.4.4 KitKat အသုံးပြုထားတဲ့ Mega 2 က LTE a quad-core Exynos 4415 ပရိုစက်ဆာ၊ 1.4 GHz, RAM - 1.5 GB မူလပါရှိထားတဲ့ memory ထပ်တိုးနိုင်ပြီး 2800 mAh အားရှိ ဖြုတ်လွယ်တပ်လွယ်တဲ့ ဘက်ထရီ တစ်လုံး အပါအဝင် အသွင်သဏ္ဍာန်နှစ်မျိုးကို ပေါင်းစပ်ထားပါတယ်။ ထိုင်းနိုင်ငံမှာ ပြသထားတဲ့ Mega 2 ရဲ့အသွင်အပြင်မှာ ထူးခြားတာတစ်ခုက နောက်ကင်မရာ 8MP ပါရှိဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ဗားရှင်းဟန်းဆက်မှာတော့ 13MP ရှိကောင်းရှိလာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်တော့ ကင်မရာက အရည်အသွေးကောင်းမွန်တဲ့ ရုပ်ထွက်ရရှိစေမှာဖြစ်ပါတယ်။
သတင်းထုတ်ပြန်ချက်အရ Galaxy Mega 2 ဈေးနှုန်းဟာ $425 ဝန်းကျင်ရှိမှာဖြစ်ပြီး အနက်ရောင်နဲ့ အဖြူရောင် အရောင်နှစ်မျိုးနဲ့ မကြာခင်မှာ ဈေးကွက်အတွင်း ရောက်ရှိလာမှာဖြစ်ပါတယ်။
YouTube ရဲ့ လစဉ်ကြေးဝန်ဆောင်မှုအသစ် ကို YouTube Music Key
Wednesday, 27 August 2014
ရင်သားကို ကိုင်ခွင့်ပြုပြီး AIDS တိုက်ဖျက်ရေး ရန်ပုံငွေအတွက် အလှုခံမယ့် ဂျပန်အပြာကားမင်းသမီးများ ဂျပန် အပြာရုပ်ရှင်ဇာတ်ကား
Monday, 25 August 2014
Apple ရဲ့ iPhone 6 အရွယ်အစား ဘယ်လောက်ထိ ကြီးမှာလဲ
Friday, 22 August 2014
Sony ရဲ့ကင်မရာ အသစ်ပါ
ကင်မရာ အနားသတ်ဘောင်ဒီဇိုင်းတွေကို ထည့်သွင်းစမ်းသပ်တဲ့ Sony ရဲ့ လုပ်ဆောင်ချက်က လုံးဝမျှော်လင့်မထားတဲ့ တီထွင်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။ Sony ရဲ့ တရုတ်ဘာသာစကားသုံးထားတဲ့ ဝက်ဘ်ဆိုက်တစ်ခုအရ လာမယ့် သြဂုတ်လ (၂၂) နေ့မှာ ကြောငြာချက်တစ်ခု ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်ရှင်းလင်းချက်တွေ ဖော်ပြမထားခဲ့တာကြောင့် ၎င်းသတင်းအစီရင်ခံစာထဲက ဖော်ပြချက်ဟာ အလိမ်အညာတစ်ခုဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ဂျပန်ဆိုက်ထဲမှာပြောဆိုထားတာက KW1 လို့ ခေါ်တဲ့ ကျစ်လစ်သေးငယ်တဲ့ ကင်မရာမှာ 1/2.3လက်မ ရှိ 19-megapixel အာရုခံကိရိယာနဲ့ a 23mm- နဲ့အညီ f/2 ထောင့်အကျယ်ရှိ အရည်အသွေးကောင်းမွန်တဲ့ မှန်ဘီလူး ထည့်သွင်းထားပါတယ်။ အထူးတလည် ချိန်ညှိစရာမလိုပဲ အလွယ်တကူ အသုံးပြုဓါတ်ပုံရိုက်နိုင်တဲ့ ကင်မရာအမျိုးအစားတစ်ခုထက် GoPro အမျိုးအစားနဲ့ အသွင်သဏ္ဍာန် ပိုမိုဆင်တူမှုရှိပြီး တမူထူးခြားတဲ့ ဒီဇိုင်းစာရင်းထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် ကိုယ့်ပုံကို ရိုက်ဖို့အတွက် အဆင်ပြေမှုရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ ဒီကင်မရာမှာ Wi-Fi ၊NFC နဲ့ app စတဲ့ အခက်အခဲမရှိဘဲ အလွယ်တကူအသုံးပြုနိုင်မယ့် လုပ်ဆောင်ချက်တွေ ပါဝင်တယ်လို့လည်းဆိုပါတယ်။
Thursday, 21 August 2014
စက်တင်ဘာ (၄) မှာ ထွက်ရှိလာမယ့် Nokia Lumia 730 စမတ်ဖုန်း
ဆယ်ကျော်သက်တွေအနေနဲ့ မိဘတွေကို လစ်လျူ ရှုထားလို့ ရမှာမဟုတ်တော့တဲ့ Ignore No More App အသစ်
Android ရဲ့ app အသစ် Ignore No More ကြောင့် မိခင်နဲ့ ဖခင်တို့ရဲ့ဖုန်းခေါ်ဆိုမှုတွေကို လစ်လျုရှုလို့တဲ့ရက်တွေဆိုတာ ဆယ်ကျော်သက်လူငယ်တွေမှာ ရှိကြတော့မှာ မဟုတ်ပါဘူး။
ဒီ app က မိဘတွေအနေနဲ့ သူတို့ကလေးတွေရဲ့ ဖုန်းကို ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ အဝေးမှ သော့ခတ်ထားလို့တောင် ရစေနိုင်ပါတယ်။
အမေ့ဖုန်းကို ကိုင်မှာလား (သို့) ဒုက္ခလှလှနဲ့ ပဲ တွေ့ချင်သလားပေါ့…။
Ignore No More ကို ဆယ်ကျော်သက်တွေရဲ့ စမတ်ဖုန်းထဲမှာ ထည့်သွင်း တပ်ဆင်ရမှာဖြစ်ပြီး ဖုန်းပြန်ခေါ်ဆိုခြင်းဟာ ဖုန်းလော့ခ်ပြန်ဖွင့်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
မိဘတွေက သူတို့ရဲ့စက်ထဲကနေ အဲဒီဖုန်းကို လော့ခ်ချလိုက်တဲ့အခါ မျက်နှာပြင်လော့ခ် စကားဝှက်(password) တစ်ခုနဲ့ အရေးပေါ်ဖုန်းခေါ်ဆိုမှု (Emergency Call ) လိုမျိုး လော့ခ်ပြန်ပွင့်အောင် တောင်းဆိုနိုင်တဲ့ ခလုတ်တစ်ခုကို ပေးအပ်ခံထားရပါတယ်။
Ignore No More ကို ဖျက်ပစ်ဖို့ ကြိုးစားလိုက်ခြင်းဟာ ဖုန်းကို လော့ခ်ပိတ်သွားစေမှာဖြစ်ပြီး မိဘတွေအနေနဲ့သာ သူတို့ကို ထိန်းချုပ်ဖို့ နဲ့ ပြန်လည်ဖျက်သိမ်းနိုင်ဖို့ သီးခြားကုဒ်နံပါတ်တစ်ခုခုကို ထည့်သွင်းထားရမှာဖြစ်ပါတယ်။
ဒီအကြံအဥာဏ်ကို Texas ပြည်နယ် Houston မြို့က မိခင်တစ်ဦးဖြစ်တဲ့ Sharon Standifird ကနေ တီထွင်ထားတာဖြစ်ပါတယ်။ Sharon Standifird ဟာ သူမရဲ့ဖုန်းခေါ်ဆိုမှုတွေကို အမြဲတမ်းလစ်လျုရှု ပြီး ဖုန်းပြန်လည်ခေါ်ဆိုခြင်းလည်းမရှိတဲ့ သားတစ်ယောက်ရဲ့ မိခင်တစ်ဦးလည်းဖြစ်ပါတယ်။
“ဒါလေးက ကောင်းတဲ့ အကြံအဥာဏ်တစ်ခုလို့ ထင်ပါတယ်။ ဆိုလိုတာက ကျွန်မအတွက်တော့ မဟုတ်ပါဘူး။ တခြားမိခင်(သို့) ဖခင် တွေအတွက်ပါ” လို့ သူမက ABC သတင်းကို ပြောပြခဲ့ပါတယ်။
ဒီ app ကို Google Play store မှာ ရယူနိုင်မှာဖြစ်ပြီး နောက်ဆိုရင် iPhoneနဲ့ အသုံးပြုရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် လူမှုကွန်ရက်ကြောင့် ပဋိပက္ခ မဖြစ်စေရန် Facebook တိုက်ရိုက်ကူညီ မည်
မြန်မာနိုင်ငံတွင် အင်တာနက် လူမှုကွန်ရက်
များကြောင့် ပဋိပက္ခများ မဖြစ်စေရန်
အချိန်ပြည့်စောင့်ကြည့် ကြီးကြပ်၍ Facebook
က အကူအညီပေးနေပြီ ဖြစ်ကြောင်း နိုင်ငံတော်
သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဝါရှင်တန်ဒီစီတွင်ရှိသည့် Facebook ရုံးချုပ်က တာဝန်ရှိသူတစ်ဦး၊ အိုင်ယာလန်တွင်ရှိသည့် Facebook တာဝန်ရှိသူတစ်ဦး၊ အာရှပစိဖိတ် Facebook တာဝန်ခံတစ်ဦး စုစုပေါင်းသုံးဦးကို Facebook အသုံးပြုသူများနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ရန် သတ်မှတ်ပေးထားကြောင်း ၎င်းကဆိုသည်။
လတ်တလော မန္တလေးမြို့တော်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် လူမှုကွန်ရက် စာမျက်နှာများက ပိုမို ကြီးထွားစေခဲ့သဖြင့် ပဋိပက္ခကာလတွင် အဆိုပါ တာဝန်ရှိသူများ၊ Silicon Valley မှ ပညာရှင်နှစ်ဦးနှင့် မြန်မာအစိုးရ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် Facebook သုံးစွဲမှုနှင့် ပတ်သက်၍ စောင့်ကြည့်မှုများကို Facebook က မန္တလေးမြို့တော် ပဋိပက္ခတွင် ၂၄ နာရီ စောင့်ကြည့်ကာ ပဋိပက္ခ လျော့ကျသွားအောင် Facebook ၏ မူဘောင်များနှင့်အညီ အတတ်နိုင်ဆုံး အကူအညီ ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးက တာဝန်ရှိသူတစ်ဦးမှ ဆိုသည်။
Facebook သုံးစွဲသူများကို ယခုပဋိပက္ခ မတိုင်မီကတည်းက စောင့်ကြည့်ရာတွင် ဘာသာစကား အခက်အခဲရှိသဖြင့် Facebook ဘက်တွင် မြန်မာဝန်ထမ်း တစ်ဦးကို ခန့်အပ်ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။
Facebook တာဝန်ရှိသူများနှင့် ဆွေးနွေးရာတွင် ရေတိုအနေနှင့် ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများ လျော့ကျအောင် Facebook မူဘောင်နှင့်အညီ စိစစ်ခြင်း၊ ပိတ်ပင်ခြင်းများ လုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ရေရှည်အနေနှင့် နောက်တွင် လူမှုကွန်ရက် အသုံးပြုကာ ပဋိပက္ခဖန်တီးမှု ဖြစ်စဉ်များ မဖြစ်အောင် နည်းပညာ၊ ဥပဒေကြောင်းအရ ဆောင်ရွက်ရမည့် ကိစ္စများကို Facebook က အကူအညီပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူ အမည်မဖော်ဘဲ Account အတုများဖြင့် အသုံးပြုနေသည့် ပြဿနာကိုလည်း တင်ပြခဲ့ပြီး Facebook ပေါ်လစီအရ Account တု အသုံးပြုခြင်းကို ခွင့်မပြုထားကြောင်း ၎င်းကဆိုသည်။
အလယ်အလတ်အနေနှင့် နည်းပညာပိုင်း၊ monitoring (စောင့်ကြည့်စစ်ဆေး)၊ မြန်မာနိုင်ငံက User များကို အသိပညာပေးရန် Facebook နှင့် Google မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံက နည်းပညာရှင်များ၊ User များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ရန်ကုန်မြို့တော်တွင် ဇူလိုင်လ တတိယအပတ်၌ တွေ့ဆုံဆွေးနွေးနိုင်အောင် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရှိရသည်။
Wednesday, 20 August 2014
အသက်၁၆နှစ်အရွယ် ပလပ်စတစ်ဆာဂျရီ မလုပ်ဘူးဆိုတဲ့
Ukarine နိုင်ငံ Kiev မြို့က အသက် ၁၆ နှစ်အရွယ် Lolita Richi ဟာ သူမရဲ့အသွင်အပြင်ကို mattelရုပ်ရဲ့ပြီးပြည့်စုံတဲ့ ပုံတူပွားဖြစ်အောင် ပြောင်းလိုက်တဲ့ နောက်ဆုံးလူသား ဘာဘီဖြစ်ပါတယ်။ သူ့အရင်ကတော့ Alina Kovalevskaya နဲ့ Valeria Lukyanov တို့က အလားတူလုပ်ရပ်မျိုး လုပ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် Lolita ရဲ့အသွင်အပြင်ကူးပြောင်းမှုက မြင်ဖူးသမျှထဲမှာ ထိပ်လန့်စရာ အကောင်းဆုံးဖြစ်နိုင်ပါတယ်။
သူမမှာ လက်မ ၂၀ ရှိတဲ့ ခါးနဲ့ အလွန်တရာကြီးမားနေတဲ့ ရင်သားတွေရှိတဲ့အတွက် ဒီလိုမျိုး ဘာဘီစံပြပုံစံအသွင်အပြင်ရဖို့အတွက် ပလပ်စတစ်ဆာဂျရီခွဲစိပ်မှုပြုလုပ်ထားတယ်လို့ ထင်စရာရှိပေမယ့် ဆယ်ကျော်သက် ယူကရိန်းကောင်မလေးကတော့ ခွဲစိပ်မှုတွေ၊ အစာလျော့စားမှုတွေနဲ့၊ photoshop (ဓာတ်ပုံဖြတ်ညှပ်ကပ်) တွေမပြုလုပ်ထားဘူးလို့ အခိုင်အမာဆိုပါတယ်။
‘ကျွန်မ အခြားသူတွေ ထက်ပိုကောင်းတဲ့ ပုံသဏ္ဍန်ရနေပြီလို့ ကျွန်မထင်ပါတယ်။ ကျွန်မက လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု အရှိဆုံးသူပါ။ Valerua Lukyanove (အခြားနာမည်ကြီး လူသားဘာဘီ) ကို ကျွန်မကြားတောင်မကြားဖူးပါဘူး’ လို့ပြောပါတယ်။
သူမရဲ့ကိုယ်ပိုင်စေ့ဆော်မှုကို မေးတဲ့အခါမှာတော့ သူမက ပြီးပြည့်စုံတဲ့အသွင်အပြင်ရှိချင်ပြီး အမျိုးသမီးတွေအားလုံး ဒါကိုလိုချင်သင့်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ကောင်လေးတွေဆီကလာတဲ့ စိတ်ဝင်စားမှုကိုပြောပြတဲ့အခါမှာလည်း Lolita တစ်ယောက်ရှက်ကြောက်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူမရဲ့စိတ်ဝင်စားမှုကို ဘယ်သူကမှ မတားဆီးနိုင်ခဲ့ဘူးလို့ပြောဆိုပါတယ်။
‘လူတွေက သူတို့ကျွန်မကို ဘယ်လို မနာလိုဖြစ်တာနဲ့ ကျွန်မဘယ်လို လှပတာကို ပွင့်ပွင့်လင်းလင်းပြောကြတယ်။ ကျောင်းကကောင်လေးတွေအားလုံး ကျွန်မကိုကြိုက်ကြတယ်။ ဒါပေမယ့် ကျွန်မသူတို့ထဲက တစ်ယောက်ကိုမှ မကြိုက်ဘူး။ သူတို့က ကျွန်မစိတ်ကြိုက်မဟုတ်ဘူးလေ’ လို့ ပြောပါတယ်။
Saturday, 16 August 2014
မျက်မမြင်များလက်လက်စွပ်
Massachusetts နည်းပညာတက္ကသိုလ်က
သိပ္ပံပညာရှင်တွေဟာ လက်ညှိုးမှာ ၀တ်ဆင်
ထားတဲ့သူကို ပုံနှိပ်စာလုံးတွေနဲ့ ချက်ချင်း
ထိတွေ့နိုင်စေပြီး အသံနဲ့စာဖတ်ပြနိုင်တဲ့
ကရိယာ ကိုတီထွင်နေပါပြီ။
FingerReader လို့အမည်ရပြီး သုံးဖက်မြင် 3-D printer နဲ့ထုတ်လုပ်ထားတဲ့ မူလပုံစံ ကရိယာဟာ စာလုံးတွေကို ဖတ်နိုင်တဲ့ ကင်မရာအသေးတစ်လုံးနဲ့ တပ်ဆင်ထားတာဖြစ်ပြီး အသုံးပြုသူရဲ့ လက်ချောင်းပေါ်မှာ လက်စွပ်တစ်ကွင်းလို ၀တ်ဆင်လို့ ရစေမှာဖြစ်ပါတယ်။ စက်နဲ့ထုတ်လုပ်တဲ့ အသံဟာ စကားလုံးတွေကို ကျယ်လောင်စွာနဲ့ ဖတ်ပြပြီး အထူးသဖြင့် အိမ်မဟုတ်တဲ့နေရာတွေ ဒါမှမဟုတ် ရုံးတွေမှာ စာအုပ်တွေ၊ စားသောက်ဆိုင်က menu တွေနဲ့ နေ့စဉ်ဘ၀မှာ လိုအပ်တဲ့ အရာတွေကို အလျှင်အမြန်ပဲ ပြန်ဆိုပေးမှာဖြစ်ပါတယ်။
စာဖတ်ရတာဟာ စာလုံးကို လက်နဲ့လိုက်ထောက်သလောက် လွယ်ကူမှာဖြစ်ပါတယ်။ အထူးဆော့ဖ်ဝဲ ကလက်ချောင်းရွှေ့လျားမှုကိုခြေရာခံ၊ စကားလုံးတွေကို ခွဲခြားဖေါ်ထုတ်ပေးပြီး သတင်းချက်အလက်တွေကို ဆက်လက် လုပ်ဆောင်ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ ဒီကရိယာမှာ စာဖတ်သူတွေ စာလုံးနေရာနဲ့လွဲချော်သွားတဲ့ အခါ သတိးပေမယ့် တုန်ခါနိုင်တဲ့ မော်တာတွေပါဝင်တယ်လို့ MIT မီဒီယာဓာတ်ခွဲခန်းမှာ ဒီကရိယာကိုတီထွင်ဖန်တီးနေတဲ့ Roy Shikrot ကပြောပါတယ်။
အသက် ၆၂ နှစ်အရွယ်မျက်မမြင် Jerry Berrier ကတော့ ဒီ FingerReader ရဲ့ မျှော်လင့်နိုင်ရတဲ့အရာက အလွယ်တကူသယ်ဆောင်အသုံးပြုနိုင်မှုနဲ့ စာသင်ကျောင်း၊ ဆရာဝန်ရုံးခန်းနဲ့ စားသောက်ဆိုင်တွေမှာ အချိန်နဲ့တပြေးညီ လုပ်ငန်းလုပ်ဆောင်နိုင်မှုတွေဖြစ်ပါတယ်လို့ပြောပါတယ်။
‘ကျွန်တော် ဆရာဝန်ရုံးခန်းကိုသွားတဲ့အခါမှာ ကျွန်တော်လက်မှတ်မထိုးခင် ဖတ်ကြည့်ချင်လောက်တဲ့ အမေးအဖြေပုံစံတွေရှိနိုင်ပါတယ်’ လို့ Berrier ကပြောပါတယ်။
Berrier ဟာ Massachusetts နဲ့ Rhode Island ဒေသတွေက အကြားအမြင်ချို့တဲ့နေပြီး ၀င်ငွေနည်းပါးတဲ့ လူတွေကို နည်းပညာဖြန့်ဝေပေးတဲ့ ဗဟိုအစိုးရအစီအစဉ်အတွက် လေ့ကျင့်ရေးနဲ့ တန်းဖိုးသတ်မှတ်ရေး စီမံခန့်ခွဲနေတဲ့သူဖြစ်ပါတယ်။ Watertown, Massachusetts မှာရှိတဲ့ မျက်မမြင်ကောင်း the Perkins မှာလည်းသူအလုပ်လုပ်ပါတယ်//
Thursday, 14 August 2014
မြန်မာ့ မီးရထားမှမန္တလေးလေး-မြစ်ကြီးနား အမှတ်(၃၇)အဆန်နှင့်(၃၈)အစုန်လူစီးအမြန်ရထား
မြန်မာ့ မီးရထားမှ မန္တလေး - မြစ်ကြီးနား ပြေးဆွဲလျက် ရှိသော အမှတ်(၃၇) အဆန်နှင့် (၃၈)အစုန် လူစီး အမြန်ရထားကို မကြာမီ ကာလအတွင်း ကချင် အများစုပိုင် ပုဂ္ဂလိက ကုမ္ပဏီရထား အဖြစ် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပုဂ္ဂလိက လုပ်ငန်း လုပ်ကိုင်ခွင့် အတွက် ပြီးခဲ့သည့် ဇွန်လအတွင်း အကျိုးတူ စင်းလုံးငှား စနစ် လေလံတင်ဒါများ ခေါ်ယူခဲ့ရာ ၄င်းကုမ္ပဏီက ရရှိခဲ့ခြင်း ဖြစ်ကြောင်း မန္တလေး ဘူတာကြီး မီးရထား ဝန်ထမ်း တစ်ဦးထံမှ သိရသည်။
အဆိုပါ ရထား ပြေးဆွဲနိုင်ရေး အတွက် မြစ်ငယ်တွဲပြင် စက်ရုံတွင် တွဲဆိုင်း အသစ်များ ထုတ်လုပ်လျက် ရှိကြောင်း၊ လက်ရှိတွင် အစုန်၊ အဆန် တွဲဆိုင်း နှစ်ဆိုင်း ဖြင့် ပြေးဆွဲနေပြီး ၄င်း တွဲဆိုင်းများ သည် Auto Coupler (အော်တို ကော်ပလာ) တွဲဆိုင်းများ ဖြစ်ကြောင်း၊ ကုမ္ပဏီ ပြေးဆွဲမည့် တွဲဆိုင်းကို အဆင့်မြှင့်တင် ထားသည့် ABC တွဲဆိုင်းများ ဖြင့် အစားထိုး ပြေးဆွဲပေး သွားမည် ဖြစ်ကြောင်း သိရသည်။
'' မြန်မာ့မီးရထား နဲ့ ကုမ္ပဏီ လေလံစာချုပ် အရ ကုမ္ပဏီက မန္တလေး - မြစ်ကြီးနား ခရီးစဉ် တစ်ခေါက်ကို ငွေကျပ် ၆၉ သိန်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ လက်မှတ်ခ နှုန်းထား ကိုတော့ ကုမ္ပဏီက လက်ရှိ သတ်မှတ် ထားတဲ့ ဈေးနှုန်းထက် ၁ဝ ရာခိုင်နှုန်း တိုးကောက်မယ် လို့ သိရပါတယ်။ လက်ရှိ ပြေးဆွဲနေတဲ့ လက်မှတ်ခ နှုန်းထားတွေ ကတော့ ရိုးရိုးတန်း လက်မှတ် တစ်စောင် ငွေကျပ် ၇၅ဝဝ၊ အထက်တန်း ငွေကျပ် ၁၅ဝဝဝ၊ အထက်တန်း အိပ်စင် ငွေကျပ် ၁၈ဝဝဝ နဲ့ ပြေးဆွဲ နေပါတယ်။ ကုမ္ပဏီက ၁ဝ ရာခိုင်နှုန်း တိုးကောက်မယ် ဆိုရင် ရိုးရိုးတန်း ငွေကျပ် ၈၂၅ဝ၊ အထက်တန်း ငွေကျပ် ၁၆၅ဝဝ၊ အိပ်စင် ငွေကျပ် ၁၉၈ဝဝ နဲ့ ရောင်းချမယ် ထင်တယ်။ မန္တလေး - မြစ်ကြီးနား အမှတ် (၃၇၊ ၃၈) ရထားမှာ ရိုးရိုးတန်း လေးတွဲ၊ အထက်တန်း သုံးတွဲ၊ အိပ်စင် နှစ်တွဲ၊ ကုန်တင်တွဲ တစ်တွဲ၊ စုစုပေါင်း ၁ဝ တွဲနဲ့ ပြေးဆွဲ နေပါတယ် ... ''ဟု ၄င်းက ဆက်လက် ပြောပြသည်။
ကုမ္ပဏီရထား အဖြစ် ပြေးဆွဲရာတွင် ပါဆယ် တန်ဆာခ များကို ပြောင်းလဲ ကောက်ခံမည် မဟုတ်ကြောင်း ရထားထွက်ခွာ ချိန်ကိုလည်း ပုံမှန်အတိုင်း ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသား ၅၂ ဦး မလေးရှားတွင် ထောင်ဒဏ်ချမှတ်ခံရ
မလေးရှားနိုင်ငံ တရားရုံးတခုက မြန်မာနိုင်ငံသား ၅၂ ဦးကို ဗီဇာအတု ကိုင်ဆောင်ဝင်ရောက်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီချမှတ်လိုက်ပြီး သူတို့ကို တာဝန်ခံ ခေါ်ဆောင်တဲ့ ၃ ဦးကို လာမယ့်ရက်ပိုင်းအတွင်း ရုံးတင်အမိန့်ချမှတ်တော့မှာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့ တဲ့ မြန်မာနိုင်ငံ သားတွေ ကို ဗီဇာအတုနဲ့ မလေးရှား လူဝင်မှုကြည့်ကြပ်ရေး ဌာနက ဖမ်းဆီးပြီး လ၀က ဥပဒေနဲ့ သြဂုတ် ၁၂ ရက်နေ့က ထောင်ဒဏ် ၁ နှစ်စီ ချမှတ်တာဖြစ်ပါတယ်။
ဖြစ်စဉ်ကတော့ လွန်ခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်ကနေ မလေးကိုသွားတဲ့ လေယာဉ်ပေါ်မှာ မြန်မာအလုပ်သမား ၇၂ ဦး နဲ့ သူတို့တတွေကို မြန်မာပြည်ကနေ ခေါ်ဆောင် လာတဲ့ အေးဂျင့် ၃ ဦးတို့ လိုက်ပါသွားပြီး မလေးရှားဆိပ်မှာ လ၀ကက ဖမ်းဆီးခဲ့တာဖြစ် ပါတယ်။
သူတို့တတွေထဲက အများစုဟာ ဗီဇာအတုတွေနဲ့ မလေးရှားနိုင်ငံကို ၀င်ရောက်ခဲ့တာကို ဖော်ထုတ်ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံခဲ့ရပုံနဲ့ပတ်သက်ပြီ မလေးရှားနိုင်ငံက မြန်မာ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးဌာန ဥက္ကဋ္ဌ ကိုလတ်က ဒီဗွီဘီကို အခုလို ပြောပါတယ်။
“အမှန်တကယ်က သူတို့က ဒီမှာအလုပ်လာလုပ်တာ။ အလုပ်လာလုပ်တဲ့ဟာကို သူတို့ အေးဂျင့်တွေက တခါတည်း ပါမစ်နဲ့ မခေါ်ဘဲနဲ့ ဒီရောက်မှ ပါမစ်ကို တောင်းခံမယ်ဆိုတဲ့ ပုံစံမျိုး သူတို့က သွင်းလာတာ။ ဒါပေမယ့် သူတို့လုပ်လာတဲ့ ပုံစံတွေက ဘာလဲဆိုတော့ သူတို့က ဗီဇာ အတုနဲ့ ဆိုတော့ ဒီမှာက သူတို့မှာ လမ်းကြောင်းတွေ ရှိတယ်။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးတွေလည်း ပါတယ်။ လေယာဉ်ကွင်းကနေ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးကနေ အထွက်။ ရှိုးမန်းနီး ပြဖို့ ပိုက်ဆံတွေ ပြန်အသိမ်းမှာ သူတို့ကို သံသယရှိပြီး ပြန်စစ်တာ။ သံသယရှိပြီး စစ်တော့ သူတို့ဗီဇာတွေက အတုတွေမှန်း သိသွားတယ်။ အဲဒါနဲ့ ဆွဲလိုက်တာ။”
သူတို့ကို ဖမ်းဆီးပြီး ၁ လကျော် ထိန်းသိမ်းခဲ့ပြီး သြဂုတ် ၁၂ ရက်နေ့တုန်းကတော့ ၅၂ ဦးကို ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ပြီး ကာကြမ်း (Kajang) ထောင်ကို ပို့ဆောင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ကျန်တဲ့သူ ၂၀ ဦးမှာ ဗီဇာအမှန်ရှိသူ ၁၂ ဦးပါဝင်ပြီး ကျန် ၈ ဦးကတော့ ဗီဇာတု ကိုင်ဆောင်ကြတဲ့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေဖြစ်ပါတယ်။ ဒီ ၈ ဦးကိုတော့ သက်ညှာစွာနဲ့ တရားစွဲဆိုခြင်းမရှိပဲ မြန်မာပြည်ပြန်ပို့မှာဖြစ်ပေမယ့် သူတို့ကို အစိုးရသက်သေအဖြစ် လေဆိပ် ထိန်းသိမ်းရေးစခန်းမှာ ထားရှိပါတယ်။
သြဂုတ် ၁၉ ရက်နေ့ကျရင် အေးဂျင့် ၃ ဦးကတော့ တရားရုံးမှာ အမိန့်ချမှတ်ခံရမှာဖြစ်ပါ တယ်။ ဒီ ၃ ဦးကိုတော့ လူကုန်ကူးမှုနဲ့ တရားစွဲဆိုဖို့ အမှုဖွင့်ခဲ့တယ်လို့ ကိုလတ်က ပြောပါတယ်။
“အခု အေးဂျင့် ၃ ယောက်ကို ၁၉ ရက်နေ့မှာ အာမခံနဲ့ ထွက်လို့မရအောင် လူကုန်ကူးမှုနဲ့ သူတို့ကို အမှုဖွင့်တယ်။ ဒီနေ့လည်းသွားတယ်။ လူကုန်ကူးမှုနဲ့ အေးဂျင့် ၃ ယောက်ကို အမှုဖွင့်ထားတယ်။”
ထောင်ချခံရ သူတွေပြန်လွတ်ဖို့ မြန်မာ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးဌာန အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေသလို ဒီလူတွေ အကူအညီရဖို့လည်း တခြား အန်ဂျီအိုတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မလေးရှား မြန်မာသံရုံးကလည်း ထောင်ဒဏ်ချမှတ်ခံရသူတွေပြန်လွတ်ဖို့ သံတမန်ရေးနဲ့ ဥပဒေရေးအရ ကူညီနေတယ်လို့ မလေးရှားမြန်မာသံရုံးနဲ့ နီးစပ်သူ ဦးသီဟက ပြောပါတယ်။
“တရားရုံးမှာ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာတော့ ကျနော်တို့က သိနေတယ်။ အဓိက ကတော့ ပွဲစားလိမ်လို့ သူတို့ ခံရတဲ့ ကိစ္စဖြစ်နေတော့လေ။ ကျနော်တို့ ထပြောဖို့ဆိုတာက သူတို့ တရားရုံးက အဲဒီလိုမျိုးထပြောဖို့ ခွင့်ပြုချက် မရှိတဲ့အခါကျတော့ ဘာမှ ပြောလို့မရဘူး။ အမှုချ ပြီးပြီ။ ပြီးသွားမှ ရှေ့နေဆီသွားပြီးတော့ အဲဒီကိစ္စကို ဘယ်လိုဆက်လုပ်ရင်ကောင်းမလဲဆိုတာ စာရွက်စာတမ်းကို သူတို့ ပြင်ဆင်ထားခိုင်းတယ်။ ပြီးရင် ပြန်ပြင်ပေါ့။ ပြန်ပြင်တဲ့အခါမှာ အယူခံဝင်တဲ့ပုံစံမျိုးပေါ့။ နောက်ဆုံး တဆင့်ပြီးတဆင့်တက်ပြီး မြန်မာသံရုံးအနေနဲ့ သံတမန်နည်းအရ လုပ်ကြည့်မယ်ပေါ့နော်။”
ဖမ်းဆီးထောင်ချခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားမှာ အလုပ်လုပ်ရဖို့ စုမြတ်နန္ဒာဝင်းအေဂျင်စီကို ကျပ်ငွေ ၁၀ သိန်းပေးဆောင်ခဲ့ရတာဖြစ်ပါတယ်။