Powered By Blogger

Monday, 4 August 2014

ရန်ကုန်- ယနေ့ညနေ ၃ နာရီခွဲခန့်က ရန်ကုန်မြို့ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄ အဆင့်ရှိ ငလျင်တစ်ကြိမ်လှုပ်ခဲ့ပြီး အဆိုပါငလျင်ကို ရန်ကုန်မြို့တွင်း မြို့နယ်အားလုံးနီးပါးခံစားလိုက်ရ ကြောင်း သတင်းရရှိသည်။ မြေငလျင်ကို ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်၊ အနောက်မြောက်ဘက် တစ်မိုင်ဝန်းကျင်ကို ဗဟိုပြုလှုပ်ရှားခဲ့ကြောင်း မိုးဇလက သတင်းထုတ်ပြန်သည်။ ‘‘ကမ္ဘာအေးကနေ အနောက်၊ အနောက်မြောက်ဆိုတော့ ရန်ကုန်-အင်းစိန်လမ်းမကြီးအတိုင်းသွားပြီး လှည်းတန်းဘက်ကို ဗဟိုပြုမယ်ထင်တယ်။ ရန်ကုန်အပြင်ဘက်ကတော့ ဒီငလျင်ကို မသိလိုက်ရပါဘူး’’ဟု မိုး/ဇလဌာနငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ရန်ကုန်မြို့တွင်းသို့ ဗဟိုပြု၍ ငလျင်လှုပ်ခဲ့သောကြောင့် တိုက်အမြင့်တွင်နေသူတစ်ယောက်အနေဖြင့် စိုးရိမ်မိကြောင်း စမ်းချောင်းမြို့နယ်နေ ဒေါ်အေးခိုင်ကပြောသည်။ ‘‘မြေကြီးရွေ့ပြီးခါသွားတာ။ ထိုင်နေတာဆိုတော့ သိသိသာသာခံစားလိုက်ရတယ်’’ဟု ကြည့်မြင်တိုင်မြို့နယ်နေသူ မမေသူကပြောသည်။ လှိုင်မြို့နယ်တွင် လည်းခံစားလိုက်ရပြီး တိုက်လှုပ်ခါသွားသည်အထိ ခံစားလိုက်ရကြောင်း ဒေသခံဒေါ်စန်းစန်းအေးကပြောသည်။ ငလျင်ကို ရန်ကုန်မြို့နယ်တွင်းရှိ မင်္ဂလာတောင်ညွန့်၊ ကမာရွတ်၊ တာမွေ၊ ရန်ကင်း၊ မြောက်ဥက္ကလာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာမြို့နယ်တို့တွင်ပါ ခံစားလိုက်ရကြောင်း ဒေသခံများကပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၂၇ မိုင်ခန့်၊ တွံတေးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ရန်ကုန်မြို့တွင်းမြို့နယ်အချို့တွင်လည်း အဆိုပါငလျင်ကို ခံစားလိုက်ရသည်။

ရန်ကုန်- ယနေ့ညနေ ၃ နာရီခွဲခန့်က ရန်ကုန်မြို့ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄ အဆင့်ရှိ ငလျင်တစ်ကြိမ်လှုပ်ခဲ့ပြီး အဆိုပါငလျင်ကို ရန်ကုန်မြို့တွင်း မြို့နယ်အားလုံးနီးပါးခံစားလိုက်ရ ကြောင်း သတင်းရရှိသည်။

မြေငလျင်ကို ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်၊ အနောက်မြောက်ဘက် တစ်မိုင်ဝန်းကျင်ကို ဗဟိုပြုလှုပ်ရှားခဲ့ကြောင်း မိုးဇလက သတင်းထုတ်ပြန်သည်။
   
‘‘ကမ္ဘာအေးကနေ အနောက်၊ အနောက်မြောက်ဆိုတော့ ရန်ကုန်-အင်းစိန်လမ်းမကြီးအတိုင်းသွားပြီး လှည်းတန်းဘက်ကို ဗဟိုပြုမယ်ထင်တယ်။ ရန်ကုန်အပြင်ဘက်ကတော့
ဒီငလျင်ကို မသိလိုက်ရပါဘူး’’ဟု မိုး/ဇလဌာနငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
   
ရန်ကုန်မြို့တွင်းသို့ ဗဟိုပြု၍ ငလျင်လှုပ်ခဲ့သောကြောင့် တိုက်အမြင့်တွင်နေသူတစ်ယောက်အနေဖြင့် စိုးရိမ်မိကြောင်း စမ်းချောင်းမြို့နယ်နေ ဒေါ်အေးခိုင်ကပြောသည်။
   
‘‘မြေကြီးရွေ့ပြီးခါသွားတာ။ ထိုင်နေတာဆိုတော့ သိသိသာသာခံစားလိုက်ရတယ်’’ဟု ကြည့်မြင်တိုင်မြို့နယ်နေသူ မမေသူကပြောသည်။ လှိုင်မြို့နယ်တွင် လည်းခံစားလိုက်ရပြီး တိုက်လှုပ်ခါသွားသည်အထိ ခံစားလိုက်ရကြောင်း ဒေသခံဒေါ်စန်းစန်းအေးကပြောသည်။
   
ငလျင်ကို ရန်ကုန်မြို့နယ်တွင်းရှိ မင်္ဂလာတောင်ညွန့်၊ ကမာရွတ်၊ တာမွေ၊ ရန်ကင်း၊ မြောက်ဥက္ကလာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာမြို့နယ်တို့တွင်ပါ ခံစားလိုက်ရကြောင်း ဒေသခံများကပြောသည်။
   
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၂၇ မိုင်ခန့်၊ တွံတေးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ရန်ကုန်မြို့တွင်းမြို့နယ်အချို့တွင်လည်း အဆိုပါငလျင်ကို ခံစားလိုက်ရသည်။

No comments:

Post a Comment