ဒီ Android apk လေးကတော့ မလေးရှားမှာအလုပ် လုပ်ကိုင်နေတဲ့
ရွှေတွေအတွက်ဖုန်းတွေမှာသုံးလို့ရအောင် Apk လေးအဖြစ်လုပ်လိုက့်ပါတယ်
အဆင်ပြေမယ်ထင်ပါတယ် သူများလိမ်တာမခံရတော့ဘူးပေါ့ဗျာ
ကိုယ့်ရဲ့ပတ်စပိုစ့်ပါမစ် မှန်ကန်ကြောင်းမမှန်ကန်ကြောင်း စစ်ကြည့်လို့ရပါတယ်..
အခုတင်ပေးမဲ့ apk လေးကမြန်မာရယ်မဟုတ်ပါဘူး..မလေးရှားမှာနေထိုင်ကျတဲ့
နိုင်ငံခြားသားအလုပ်သမားတိုင်းအတွက်အသုံးဝင်ပါတယ်..
မသိ့သေးသူများအတွက်ပါနော်..သိ့တဲ့သူတွေကတော့ ပြုံးပြုံးလေးပဲကြည့်နေမှာပါ..
တချို့နေရာတွေမှာ ကိုယ့်စာအုပ်ကအတုအစစ်မှန်းတောင်မသိ့ကျပါဘူး
ကျနော်ကိုတိုင်ပါ အခုနောက်တော့ သိ့သွားပါပီ : P ....
မသိ့သေးတဲ့သူများကတော့ စမ်းကြည့်လိုက့်ကျတော့နော်......
စစ်နည်းလေးကတော့ apk လေးကိုဖွင့်လိုက့်ပါ..
ပီးရင် အောက်ကနာမည်လေးကိုရှာပါ အဲနာမည်လေးရဲ့ဘေးဘောက့်လေးမှာ
* No. Dokumen....ပတ်စပိုစ့်နံပါတ်အပြည့်စုံဖြည့်ပါ...
* Warganegara....ဒီနာမည်လေးကတော့လူမျိုးရွေးတာပါ မြန်မာဆိုရင် MYANMAR လို့ရွေးပေါ့..
အဲနှစ်ခုဖြည့်ပီးပီဆိုရင်တော့>Carian< အဲနာမည်လေးကိုကလစ်လိုက့်ပါ..
ခဏစောင့်ပေးလိုက့်ပါ ပီးရင် အောက်ဆုံးမှာ နာမည်နဲ့အတူ အလုပ်အကိုင်ပါ ကျလာပါလိမ့်မယ်..
ကျမလာခဲ့ဘူးဆိုရင်တော့ အမှန်မဖြစ်ဖို့များပါတယ်..တခုတော့ရှိပါတယ် ဆေးကျော်ထားတဲ့သူတွေ နှစ်ကြာတဲ့သူတွေ ဆိုရင်
တခါတလေ အပြည့်အစုံမပေါ်တတ်ပါဘူး..သူငယ်ချင်းတွေအဆင်ပြေပါစေဗျာ...
ဆော့ဝဲလေးကတော့ အောက်မှာနော်...
https://dl-web.dropbox.com/get/_MMIC.apk?_subject_uid=327206349&w=AABHYCXKMyQ6asaxNSKkEmc8OOzLN6b6_VrT_9kxM8Tzlw
> ဒီမှာကလစ်ပီးယူနော် <
No comments:
Post a Comment