Powered By Blogger

Monday, 11 August 2014

သင်မသိဘဲ သင့် စမတ်ဖုန်းမှာ ဗီဒီယို ရုပ်သံသွင်းမှုတွေဖြစ်တတ်ပါသလား။

ဖြစ်တတ်တယ်ဆိုရင် တစ်နေရာရာတနေ အဲဒါကို ဘယ်သူတွေ ကြည့်ရှုနေကြသလဲ။

သင့်ဖုန်းကနေတဆင့် Facebook ကို ဖုန်းခေါ်ဆိုခြင်း (သို့) message ပေးပို့ခွင့်ရရှိစေတဲ့ လူမှုကွန်ရက်ရဲ့ Messenger app အသစ်ကို Android စက်ထဲ download ဆွဲပြီး Install လုပ်မယ်ဆိုရင် ကိုယ်ရေးအချက်အလက်နဲ့ ကင်မရာအသံဖမ်းမိုက်ကိုပါ ဖျက်ပစ်လိုက်ပါ။

Facebook သုံးစွဲသူတစ်ယောက်ကတော့ “ကျွန်မ Messenger App ကို download ဆွဲမှာမဟုတ်ပါဘူး။ အဲဒီသတင်းအချက်အလက်တွေ တခြားမသိတဲ့ သူတွေရဲ့ လက်ထဲသို့  ရောက်သွားရင် ဘာဖြစ်သွားနိုင်တယ်ဆိုတာ ဘယ်သူမှမသိဘူးလေ” လို့ဆိုပါတယ်။

ဒါက message ပို့တဲ့အခါ ပိုမိုအဆင်ပြေမှုရှိအောင်သာ လိုအပ်တာပါ။ နောက်ပြီး ဒီလိုပြောနေကြတာတွေလဲ ကြာခဲ့ပါပြီ။ ဒီကိစ္စကို နားလည်အောင်ရှင်းပြရတဲ့ အကြောင်းအရင်းကတော့…

Facebook သုံးစွဲသူတွေ Facebook app ကနေတဆင့် message တွေကို မရရှိနိုင်တော့ဘူးဆိုတဲ့ သိသွားမှာ ဖြစ်တဲ့ အတွက်ကြောင့်ပါ လို့ Facebook ကုမ္ပဏီ ကနေပြောဆိုခဲ့ပါတယ်။

ဒီအစား သူငယ်ချင်း(သို့) လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်ဆီက message ကို ဖတ်ချင်တယ်ဆိုရင် messenger app ကို download ဆွဲပြီး တရားဝင် အချက်အလက်တွေကို ခွင့်ချက်ရှိရမှာဖြစ်ပါတယ်။

iTunes app Store ပေါ်တွင် ပေးပို့တဲ့ အစီရင်ခံစာ ၆၀၀၀ ကျော်ရှိနေပါတယ်။ အပြုသဘောမမြင်ကြတာ အများစုပါ။ မေးစရာ မေးခွန်းတစ်ခုက ဒါကို လူတွေ download လုပ်နေကြဦးမှာလား။

Download လုပ်ထားတဲ့သူတွေလည်း အများစုမှာ  ချိတ်ဆက်အသုံးမပြုတော့ဖို့သာ ရွေးချယ်နေကြတဲ့ပုံပါပဲ။

No comments:

Post a Comment